စာစဉ် ၄၁ (၁၉-၂၂)

Start from the beginning
                                    

ပစ္စည်းပို့ သမားက အမှာစာကို ထုတ်ကြည့်လိုက်ပြီး..
“မိန်းကလေး မဟုတ်ဘူးလား ။ ဒါတွေကို ပို့ ခိုင်း လိုက်တဲ့သူက နန် မျိုးရိုးနဲ့ သူပါ…”

“နန် မျိုးရိုး…ဟုတ်လား”

ရီဝမ်ဝမ် မျက်ခုံးပင့်တက်သွားသည် ။

အမည်မရှိသော နန် များလား ။

သို့ သော်လည်း ထိုသကောင့်သားသည် အဘယ်အတွက်ကြောင့် ဤပစ္စည်းများကို ပို့ ပေးခိုင်း ပါ့မည်နည်း ။

သံသယတို့  မြူထွေးလာစဉ် သူမ၏ WeChat ကနေ အသံထွက်လာသည် ။

[ချီးဗဒုံးကောင် နန် ။ ညီမလေး…ညီမလေး...ရေခဲသေတ္တာ ၊ တီဗွီ နဲ့  အဲကွန်း ရောက်ပြီလား]

တကယ်ပဲ သူဟ…

ရီဝမ်ဝမ် ပြန်ဖြေလိုက်သည် ။

[ကျော်ကြားသောရီ ။ အဲ့ဒါတွေကို ရှင် ပို့ လိုက်တာလား ။ ဘာအတွက်လဲ]

[ချီးဗဒုံးကောင် နန် ။ ဒါတွေက ငါ ဆုရထားတဲ့ပစ္စည်းတွေလေ..(ဂုဏ်ယူနေသည့်ပုံ)]

အမည်မရှိသောနန် ပို့ လာသည့် ထိုဂုဏ်ယူနေသည့်အီမိုဂျီကို
တွေ့ လိုက်ရပြီး ရီဝမ်ဝမ် ပါးစပ်အဟောင်းသားဖြစ်သွား၏ ။

ထိုကဲ့သို့  ရှိုးပွဲများတွင် ဆုရရှိသူသည် ငွေသားသာလျှင်မဟုတ်ဘဲ အိမ်အသုံးအဆောင်များ၊ ပရိဘောဂများကိုပါ လက်ဆောင်အဖြစ်
ထည့်ပေးတတ်သည် ဆိုသည်ကို သူမ ယခုမှ အမှတ်ရမိလိုက်၏ ။

“မိန်းကလေး…ဒါတွေကို ဘယ်လိုလုပ်ရမလဲ”
တံခါးဝက ပစ္စည်းပို့ သမားက မေးလာသည် ။

“အဲ…ဟုတ်တယ် ။ ဒါတွေက ကျွန်မဆီကို ပို့လိုက်တာပါ” ရီဝမ်ဝမ် ပြောလိုက်ပြီး ထိုနာမည်ကတ်ကို ဖွင့်ကာ လက်မှတ်ထိုးပေးလိုက်ပြီး ကျန်းကြီးတို့ အား အထဲကို သယ်ခိုင်းလိုက်၏ ။

ရီဝမ်ဝမ် ထိုပစ္စည်းများကို ကြည့်လိုက်ပြီး စိတ်ကြည်လင်ရွှင်ပျစွာဖြင့် ခေါင်းတခါခါပြုလာသည် ။ သူမ စာပြန်ပို့လိုက်သည် ။

[ကျော်ကြားသော ရီ ။ ကျေးဇူးပဲနော် ကိုကြီး]

[ချီးဗဒုံးကောင် နန် ။ မလိုပါဘူး၊ ရတယ် ။ ငါတို့ က မိသားစုတွေပဲဟာ]

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now