စာစဉ် ၄၁ (၁၉-၂၂)

Start from the beginning
                                    

“သေစမ်း ။ လမ်းတစ်ခုလုံး အညီကျနေတာပဲ၊ အေးအေးဆေးဆေး ပြေးသွားတာပါလား ။ အပြတ်အသတ်ကို အနိုင်ယူသွားတာဟ ။
အခု တခြားသူတွေ ဘယ်လိုဆက်ကစားရတော့မလဲ ။
အဲ့လူနဲ့  တခြားသူတွေက လုံးဝကို မတူညီတဲ့ကမ္ဘာကနေ လာတဲ့သူတွေကျနေတာပဲ”

“အဲ့ကောင်က အငြိမ်းစားယူသွားတဲ့စစ်သားတစ်ယောက် ဖြစ်ရမယ်လို့  ငါတော့ သံသယ၀င်နေတယ် ။ မဟုတ်ရင် ဒီလောက်ထိ စွမ်းလွန်းနေမှာ မဟုတ်ဘူး”

“အပေါ်ကကောင်..မင်း သောက်ခွက်လာပြောင်နေတာလား ။ အထူးစစ်တပ်ကသူတွေကို ဘယ်လိုလူတွေများ မှတ်နေလဲ ။ ဒီလိုကလေးကစားကွက်လေးတွေမှာ အရေးတယူလာပြိုင်မယ်များ မှတ်နေလား”

ထိုမှတ်ချက်တို့ အား လိုက်ဖက်ကြည့်နေရင်း ရီဝမ်ဝမ်၏မျက်နှာထက် တွင် အမည်မရှိသောနန် - အဲ့ဒီအရူးကောင် ၊ လွန်လွန်းတယ် ။
ဒါ နေ့ ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာနဲ့  ဘာကွာလို့ လဲ ဟု ရေးထားသလား မှတ်ရအောင် မည်းပုတ်လာချေပြီ ။

ထိုပြိုင်ပွဲပြင်ဆင်ကြသူများအစား သူမ ရင်ထဲနာနေမိလေပြီ…

ထိုအခိုက်အတန့်  တံခါးဘဲလ် မြည်လာသဖြင့်
ကျန်းကြီးက တံခါးသွားဖွင့်ပေး၏ ။

ထို့ နောက် ကျန်းကြီး ပြန်ဝင်လာပြီး မေးသည် ။
“သခင်မ…ပစ္စည်းတွေ ၀ယ်ထားသေးလား”

“ဘာကိုလဲ…ဘာပစ္စည်းတွေလဲ ။ ဘာမှဝယ်မထားပါဘူး”
ရီဝမ်ဝမ် စိတ်ရှုပ်ထွေးသွားသည် ။

ကျန်းကြီးသည်လည်း ပဟေဠိဖြစ်လာ၏ ။
“ဒါဆို သခင်ကြီး စီ များ ၀ယ်ထားတာလား ။ ရေခဲသေတ္တာတစ်လုံး၊ တီဗွီ နဲ့  အဲကွန်းတွေကို အပြင်ကနေ လာပို့ ပေးနေတယ်…”

“ဟုတ်လား ။ အားကျို ၀ယ်တာလည်း မဟုတ်လောက်ဘူး ။ သုံးစရာမလိုဘဲနဲ့  ဘာကိစ္စနဲ့  ၀ယ်ရမှာလဲ”

ရီဝမ်ဝမ် မယုံကြည်နိုင်စွာဖြင့် အရှေ့တံခါးဆီ လျှောက်သွားပြီး ပစ္စည်းတွေများကြီးကို ရွှေ့ နေသည့် ပစ္စည်းပို့သမားအား မြင်လိုက်၏ ။

“ကျွန်မ ဒါတွေ ၀ယ်မထားဘူး ။ ရှင်တို့  အိမ်များ မှားပို့ တာလား”
ရီဝမ်ဝမ် ပစ္စည်းပို့ သမားအား မေးလိုက်သည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now