"ဟင်...ကိုဘုန်း..."

"လာ...အသေးလေး.." လို့ပြောလိုက်ပြီး..အသေးလေးလက်ကိုဆွဲကာ ပြေးထွက်လာခဲ့တယ်..

အသေးလေးလက်ထဲက လက်မှတ်၂စောင်ကိုတော့...လမ်းမှာတွေ့တဲ့ ညီမလေး၂ယောက်ကိုပေးလိုက်ပြီး...အသေးလေးကိုဆွဲခေါ်ပြီး...အမြန်ကားပါကင်ကိုသွားကာ..ရတီတိုက်ခန်းရှိရာကို မောင်းလိုက်တယ်...

........

အခုချိန်ထိ...ကိုဘုန်းလုပ်ရပ်ကို ကျွန်တော်နားမလည်သေးဘူး...
အခု ကျွန်တော့်ကိုပါ မရတီ တိုက်ခန်းကိုခေါ်သွားနေတာလား...

ကျွန်တော်စိတ်ထဲမှာ တစ်မျိုးလေးတော့တစ်မျိုးပဲ...
သေချာတာကတော့ ကျွန်တော်ကျေနပ်နေသလိုပဲ...

မရတီတိုက်ခန်းရောက်တော့...ကားကိုအောက်မှာရပ်ခဲ့ပြီး အပေါ်ကို...ဓာတ်လှေကားနဲ့တက်ခဲ့တယ်...။ မရတီအခန်းရှေ့ရောက်တော့...တံခါးက စေ့ရုံလေစေ့ထားတယ်..။

"ရတီ...ရတီ..." ဆိုပြီး ကိုဘုန်းက အော်ခေါ်ကာ...အထဲကိုဝင်သွားတယ်...
ကျွန်တော်လည်း ကိုဘုန်းနောက်ကနေ လိုက်ခဲ့လိုက်တယ်...

အိမ်ထဲရောက်တော့...ဆိုဖာပေါ်မှာ ညဝတ်အင်္ကျီအနီရောင် ကြိုးတစ်လုံးဂါဝန်ဝတ်ထားပြီး...ထိုင်နေတဲ့ မရတီကို တွေ့ရတယ်...

"ရတီ...."

"ဘုန်း...ဘုန်းလာတယ်နော်...
ဟင်...လွန်းပြည့်လျှံ...သူကဘာလို့ပါလာတာလဲ?..."

"ရတီ...မင်းကိုယ့်ကိုလိမ်ပြီး ခေါ်တာလား..."

"မဟုတ်ဘူး...ဘုန်း..."

"မင်းကွာ...
ကိုယ်မှာတကယ်ဖြစ်တယ်ထင်ပြီး...အပြေးလာခဲ့တာ..."

"ဟုတ်တယ်...တကယ်မဟုတ်ဘူး...
ဘုန်း ရတီ့အပေါ်မှာ...ချစ်သေးလားဆိုတာ စမ်းသပ်တာ...."

"ဘာ!...ရတီ မင်းဘာတွေပြောနေတာလဲ?...
မင်းကိုချစ်သေးလား စမ်းသပ်ရအောင်...ကိုယ်က လူပျိုလူလွတ်မဟုတ်တော့ဘူးလေ...
ပြီးတော့...ကိုယ်မင်းကို မချစ်တော့ဘူး..ရတီ...
ကိုယ်အခုလိုပြောရတာမကောင်းပေမဲ့..ကိုယ်မင်းကို မချစ်တော့ဘူး...ရတီ..."

"ဘာ!..ဘုန်း ဒီလိုလွယ်လွယ်ပြောလို့ရလား...
ရတီတို့ချစ်လာခဲ့တဲ့၅နှစ်အတွင်းမှာ...ရတီကို ချစ်ရောချစ်ခဲ့ရဲ့လား...
ရတီ ဘုန်းကိုလက်လွှတ်မပေးနိုင်ဘူး..."

MY ONLY ONE (completed)Where stories live. Discover now