"ဟုတ်တယ်...ကိုမင်းမြတ်...
အခုတော့သက်သာသွားပါပြီ..."

"တော်သေးတာပေါ့...
ဖြစ်ဖြစ်ချင်းနေ့က...ကိုယ်လည်း လာကြည့်မလို့ မအားတာနဲ့..sorryနော်..."

"ရပါတယ်...ဘာမှမဖြစ်ပါဘူး...
အခုလိုမေးဖော်ရတာနဲ့တင် ကျေးဇူးတင်ပါတယ်.."

"တော်ပြီ...လာ...မင်းမြတ်...
companyသွားဖို့နောက်ကျနေပြီ.." လို့ပြောပြီး..မင်းမြတ်ပခုံးကို ဖက်ကာ...သူ့ကားထဲ ထိုးထည့်လိုက်ပြီး...ကျွန်တော်လည်း ကိုယ့်ကားပေါ်ကိုယ်တက်ကာ...မောင်းဖို့ပြင်လိုက်တယ်...

"ထွန်းတောက်...ဒီကောင်ဘယ်လိုဖြစ်နေမှန်းမသိဘူး...
ပြည့်လျှံသွားပြီးနော်..."

"ဟုတ်..." ဆိုပြီး အသေးလေးက ပြုံးကာ ပြန်ပြောလာတယ်..
အသေးလေး သူများကို လိုက်ပြုံးပြနေတာကို ကျွန်တော်မကြိုက်ဘူး...

ကျွန်တော်ကြည့်လိုက်တော့...မျက်နှာကို ပြန်တည်ကာ အထဲကို ဝင်သွားတယ်...
ဘာတွေစိတ်ဆိုးနေတာလဲ?..အသေးလေးရာ..

..............

   companyရောက်တော့...မင်းမြတ်က မပြန်သေးဘဲ ကျွန်တော့်ရုံးခန်းထဲမှာ သူ့အလုပ်တွေကို လုပ်နေတယ်...။ ကျွန်တော်ကတော့ အလုပ်ထဲ စိတ်မရောက်ဘဲ..အသေးလေးဆီသာ..စိတ်ရောက်နေတယ်..

"မင်းမြတ်..."

"ပြော..."

"စိတ်ဆိုးနေတဲ့သူကို...ဘယ်လိုပြန်ချော့ရမလဲ?.."

"ဟမ်....
မင်းကဘာလုပ်မလို့လဲ?.."

"ဟို...ဒီလိုပါပဲကွာ.."

"မင်း ငွေရတီလင်းနဲ့ကြိုက်ခဲ့တုန်းကရော...
ဘယ်လို့ချော့ခဲ့လဲ?.."

"မသိဘူး...တစ်ခါမှ မချော့ဖူးဘူး..."

"ဟင်...မင်းတကယ်ပြောနေတာလား.."

"ဟုတ်ပါတယ်ဆိုကွာ...
ရတီက သူ့ဘာသာကောက်ပြီး သူ့ဘာသာပြေတာ..ငါမချော့ရဘူး..."

"ဟင်း.....ငါလည်း သေချာမသိဘူး...
ဒါပေမဲ့..ကြာဖူးတာတော့..မုန့်လိုက်ကျွေးတာတို့ ရုပ်ရှင်လိုက်ပြတာတို့ လုပ်ကြတာပဲ..."

"ဟုတ်လား..."

"အေး...ဟုတ်တယ်...
ဘာလဲ?...မင်းကို ပြည့်လျှံကစိတ်ကောက်နေလို့လား..."

MY ONLY ONE (completed)Where stories live. Discover now