[ဘာဖြစ်နေတာလဲကွာ?]

အဲလ်ဗစ်ကသူ့လက်ချောင်းများကို ထပ်ဆန့်ထုတ်လိုက်ပြီးသူ့ရင်ခွင်ထဲ မှနူးညံ့ပြီးလုံးဝိုင်းနေသည့်ကြောင်လေး ရဲ့မေးစေ့လေးကိုဆိတ်လိုက်သော်လည်း လက်သည်းသေးသေးလေးနှင့်ရိုက်ထုတ် ခံလိုက်ရသည်။

ဘာလို့များသူကငါ့ကိုစိတ်ဆိုးနေတ ယ်လို့ခံစားနေရတာလဲ?

အဲလ်ဗစ်ကသူ့မျက်ခုံးကိုအနည်းငယ် မြှင့်လိုက်ပြီးလီလျိုအားအတော်လေး ကြာသည်အထိကြည့်နေလိုက်ပြီးမှသူ့ ခေါင်းထဲမှာအလင်းတစ်ချက်လင်းသွား ကာစိတ်ထဲမှာအတွေးတစ်ခုပေါ်လာခဲ့သည်။

သူကမနာလိုဖြစ်နေတာများလား? သူအတန်းစတုန်းကတော့သေချာပေါက် ကောင်းနေသေးရဲ့နဲ့အဲ့ဒီမိန်းကလေး ရောက်လာပြီးသူနဲ့စကားပြောကတည်း ကလဒ်ဝတ်ကြည့်ရတာတစ်နည်းနည်းနဲ့ မပျော်မရွှင်ဖြစ်နေသလိုပဲ

အဲလ်ဗစ်မှာမနေနိုင်ပဲသူ့နှုတ်ခမ်း ထောင့်စွန်းများကွေးညွှတ်တက်သွားရ ကာသူ့စိတ်အနေအထားကလည်း အတော်လေးပိုကောင်းလာပြီးသူ့နှလုံး သားကတော့ပျားရည်များနှင့်ပြည့်နေ သည့်အိုးတစ်လုံးလိုခံစားနေရသည်။

ထို့နောက်သူ့ရင်ခွင်ထဲမှကြောင်ဝိုင်း လေးကဘယ်လောင်ပဲငြင်းဆန်နေပါစေ သူ့မေးစေ့လေးနှင့်ဗိုက်သေးသေးလေး ကတော့အတင်းအကျပ်ကုတ်ပေးခံနေ ရပြီးအကြိမ်အနည်းငယ်ရိုက်ထုတ်ပြီး နောက်ဆုံးတော့ခုခံတာကိုရပ်တန့်လိုက် ကာသူ့ကိုထိခွင့်ပေးလိုက်တော့သည်။ အဲ့ဒီအချိန်မှသာအဲလ်ဗစ်ကသူ့ကိုအနိုင် ကျင့်နေသည်အားရပ်လိုက်သည်။

လီလျိုကတော့အလွန်စိတ်ဓာတ်ကျနေ ခဲ့သည်။ခရစ်ကစိန့်ဟယ်လာအကယ်ဒမီ ကိုရောက်ပြီဆိုမှတော့သူအဲလ်ဗစ်နောက် ကလိုက်နေသလိုမျိုးသူမကိုလည်းနေရာ တိုင်းမှာတွေ့ဆုံရန်ဖြစ်လာလိမ့်မည်။ဒီ လိုတက်ကြွတဲ့မိန်းကလေးမျိုးကသူရေး သားထားခဲ့တာ..ပြီးတော့သူရေးတဲ့ အချိန်မှာလည်းထိုမိန်းကလေးကိုနူးညံ့ သိမ်မွေ့လှပပြီးချစ်စရာကောင်းတယ် လို့တွေးခဲ့မိပေမယ့်အခုတော့အဲ့ဒါကသူ့ ကိုဖိအားပေးနေတယ်လို့ရိုးရိုးရှင်းရှင်းကို ခံစားနေရတယ်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now