ခနကြာတော့...ကြက်သားဆန်ပြုတ်လည်း ကျက်သွားတာမို့...ကျွန်တော်လည်း ပန်းကန်ထဲပြီး အပေါ်ကို တက်လာခဲ့လိုက်တယ်...။

အခန်းထဲရောက်တော့..ကုတင်ပေါ်မှာ  အိပ်နေတဲ့ ကိုဘုန်းကို အသာနှိုးကာ...

"ကိုဘုန်း..ကိုဘုန်း...
ခနထဦးလေ...ဆန်ပြုတ်သောက်ပြီး ဆေးသောက်ပြီးမှ ပြန်အိပ်လေ..ခနထ.."

"အင်းအင်း.." ဆိုပြီး ကိုဘုန်းက လှဲနေရာကနေ ထလာတယ်...

ဆန်ပြုတ်ပန်းကန်ကို ပေးလိုက်တော့...မသောက်သေးဘဲ ဆန်ပြုတ်ပန်းကန်ကိုပဲ ကြည့်နေတယ်...

"သောက်လေ...ဘာဖြစ်လို့လဲ?.."

"ကိုယ် ဇွန်းမကိုင်ချင်ဘူး..."

"ဟမ်....
အဲ့တော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ?.."

"ခွန့်ကျွေးလေ.."

"ဟမ်...."

"အသေးလေး...မင်းဘယ်လိုဖြစ်နေတာလဲ?...
တစ်ဟမ်တည်းဟမ်နေတာပဲ...
မင်းကို မင်းယောက်ျားက ခွန့်ကျွေးခိုင်းတာလေ...
ဘာတွေအထူးအဆန်းလုပ်နေတာလဲ?.."

ပြောပြန်ပြီ...ဒီယောက်ျားဆိုတာကြီးကို...မသိတာကျလို့..ပါးစပ်အရသာခံပြီး ပြောနေတယ်..

"ဟင်း....ခွန့်ကျွေးမယ်...ဟ.."

"အအေးခံပြီးမှ ခွန့်ကျွေး..."

"သိပါတယ်ဗျာ..." ဆိုပြီး ဆန်ပြုတ်ကို ဇွန်နဲ့ခပ်ကာ မှုတ်ပေးပြီး..အေးပြီဆိုမှ ခွန့်ကျွေးတယ်..ဒီလိုကျတော့လည်း အလိုက်သိသားပဲ...

"ဖြေးဖြေးချင်းခွန့်..."

"အင်းပါ..."

ဆန်ပြုတ်သောက်ပြီးတော့...အပူကျဆေးပါတိုက်လိုက်ပြီး..ကိုဘုန်းအိပ်ပြီဆိုမှ အောက်ကို ဆင်းလာခဲ့လိုက်တယ်...

..............

ကျွန်တော်နိုးလာတော့...အခန်းထဲမှာ အသေးလေးကရှိမနေဘူး...
ကိုယ့်ယောက်ျားဖျားနေတာ...ယောက်ျားနားမနေဘဲ ဘယ်လျှောက်သွားနေလဲမသိဘူး...

ကျွန်တော်လည်းပျင်းတာနဲ့...အောက်ကို ဆင်းခဲ့လိုက်တယ်..။ အောက်ထပ်ရောက်တော့...ဧည့််ခန်းထဲမှာ ဖိုးဖိုးက စာထိုင်ဖတ်နေပြီး...အသေးလေးကိုတော့ မတွေ့ရဘူး...။

MY ONLY ONE (completed)Waar verhalen tot leven komen. Ontdek het nu