25 -နီကျား တော်တော့

2.5K 199 54
                                    

Unicode

မဂ်လာပွဲမှ ရေတံခွန်နား ဆီသို့ ထွက်ပြေးလာပြီးနောက်တွင် နီကျားသည် စိတ်တို့ကို မချုပ်တည်းနိုင်တော့ ရင်ခွင်ထဲမှ နဂါးလေးအား အနမ်းဖွဖွ ‌‌ေြခွမိသည်

"မင်း အဖေ့ကို မကြောက်ဘူးလား"

"ဘာလို့လဲ"

"ငါတို့ထွက်ပြေးလာတယ်လေ"

"ထားလိုက်ပါ "

"ဒါ ပေ မယ့်"

"တော်ပါတော့ ကိုယ့်ရဲ့နဂါးလေးရယ် ကိုယ့်အတွက်ထုံးတမ်းစဉ်လာတွေက သိပ်ပြီး အရေး ကြီးတယ်မဟုတ်ပါဘူး မင်းသာ အနားရှိနေရင် ရပြီ"

"ငါလည်း အတူတူပါပဲ မင်းရှိနေရင် ပြည့်စုံနေပါပြီ"

သူ့အားရင်ခွင်ထဲကနေတစ်ဆင့် ပြုံးပြကာဆိုလာသူလေ‌းကြောင့် စိတ်တို့က အစိုးမရစွာ

"အောင်ပင့် ကိုယ့်ကိုကြည့်"

"ကြည့်နေတာပဲလေ"

ဟုတ်သား ရင်ခွင်ထဲကနေ မော့ကြည့်နေတာမှ ပြုံးပြုံးကြီး

ဒီတစ်ခါရှက်ရသူက ကိုယ်ရယ်ပါ

ချစ်ရသူသည် မိမိအား မျက်တောင်မခတ်စတမ်း ပြုံးကြည့်နေသည်က ပီတိဖြစ်ကာကျေနပ်ရပေမယ့် နေရခက်လာသည်

"အောင်ပင့် တော်ပြီလေ"

"ကြည့်အူးမှာ"

"ဘာလို့လဲ"

"ဒီ သခင်လေး အဆိုးလေးကို တရား၀င် ပိုင်ဆိုင်ရပြီဆိုတာ မယုံသေးလို့"

"ယုံပါ ကိုယ့်အကောင်ပေါက်ရယ် အကြည့်လေးတော့ လွဲပေးတော့နော် မနေတတ်တော့ဘူး"

မျက်နှာကြီး ရဲလာပြီဖြစ်သော နီကျားကို ကြည့်ကာ စချင်စိတ်တိုးလာသည်ကြောင့်

"ကြည့်အူးမှာ "

"အောင်ပင့် ကွာ"

"ကြည့်မှာပဲ"

"ကိုယ့်ကို ပိုင်တာ မယုံသေးရင် ယုံအောင် သက်သေ ပြလိုက်မှာနော်"

"ဘယ်လိုပြမှာလဲ ပြလေ"

"ကိုယ်တို့က ထိမ်းမြားပြီးပြီဆိုတော့ ကိုယ်က တရား၀င် မင်းအပိုင်ပဲ လုပ်ချင်တာလုပ်"

What did I do?(Unicode+Zawgyi)Where stories live. Discover now