22-‌ သားအများကြီးလုပ်ပေးမယ်

1.6K 217 17
                                    

Unicode

မနက်ခင်းနေသာသည့် တစ်နေ့တွင် အိမ်တော်တစ်ခုရှေ့၌် ရင်ခုန်စိတ်လှုပ်ရှားနေသည့်ကောင်လေးတစ်ယောက်အား တစ်ခြားသောကောင်လေးတစ်ယောက်က စိတ်မပူစေရန် အသာအယာချော့မော့နေသည်ကို လမ်းသွားလမ်းလာ လူအများ တွေ့မြင်ကြရသည်

"ငါ အဆင်ပြေရဲ့လား "

"မင်းကိုသူတို့ မဆူလောက်ပါဘူးနော်"

"သဘောမတူရင် ဘယ်လိုလုပ်မလဲဟင်"

စိုးရိမ်ပူပန်နေသော ချစ်ရသူအား နီကျားကြည့်ကာ စနောက်ချင်စိတ်ကပေါ်လာရပြန်သည်

"မပြောတတ်ဘူး သူတို့ ကိုယ့်ကို အိမ်တော်ထဲပိတ်ရင်ပိတ်ထားမှာ ငယ်ငယ်ကလိုပေါ့"

"ဟင် မရဘူးနော် ငါမင်းနဲ့ မခွဲနိုင်ဘူး"

"ဟား..စတာပါ ကိုယ့်ရဲ့ နဂါးလေးရာ သူတို့ပိတ်ထားရင်တောင် ကိုယ်က မင်းမပါရင် ဘယ်နေရာမှ အပိတ်မခံတော့ဘူးစိတ်ချ"

"သူများ အပိတ်ခံရတဲ့နောက် ဒီကလည်း လိုက်အပိတ်မခံပါနော်"

"ကိုယ်နဲ့ခွဲနိုင်တယ်ပေါ့"

"ဘယ်သူကပြောလည်း ဟွန့်"

ပြောပြောဆိုဆိုဖြင့် နဂါးအကောက်လေးသည် အိမ်တော်ထဲသို့ စောင့်ကာအောင့်ကာ ၀င်သွားလေသည်

အံ့ဩကာကျန်ခဲ့ရသူက နီကျား စောဏက မ၀င်ရဲပဲ ‌စိတ်တွေပူနေခဲ့တာက ဘယ်သူ့ကောင်လေးတုန်း

နီကျားအားစိတ်ဆိုးချင်‌ေယာင်‌ေဆာင်ကာ လှည့်ထွက်လာပြီးနောက် ပတ်၀န်းကျင်အားသတိမှုမိလိုက်တော့ အောင်ပင့်လန့်ဖြန့်သွားရသည်

အခုငါ ငါရောက်နေတာ ယောက္ခမ အိမ်တော်ကြီးဟ

"ဆက်သွားလေ အဆိုးလေးရဲ့ ဘာလို့ ရပ်နေရတာလဲ"

ဘေးနားရောက်လာသော ချစ်ရသူကြောင့် စိတ်တို့ တည်ငြိမ်စပြုလာသော်လည်း

"အတူ အတူတူ သွားမယ်"

"အင်း"

ပြုံးကာ အ‌ဖြေပေးလာသောသူ

ထို့နောက် နီကျားလည်း ချစ်ရသူလက်ကိုဆွဲကာ အိမ်တော်၀န်းဆီသို့

What did I do?(Unicode+Zawgyi)Where stories live. Discover now