16-ထူးဆန်းမှု

1.8K 244 28
                                    

Unicode

နဂါးမင်းသည် တလှုပ်လှုပ် တရွရွဖြစ်နေသော သားတော်မောင်ကိုကြည့်ကာ စိတ်အိုက်လာသည်

အရှေ့နှင့်အနောက်တောင်နှင့်မြောက် ပတ်ချာလည်ကာလျှောက်နေသည်မှာ နန်းတော်တစ်ခုလုံး သူ့ခြေရာချည်း

သားတော်မောင်သည် အခုတလော မူမမှန်လာတာသိသည်

ကမ်း‌ခြေကို နေ့တိုင်း ခိုးသွားသည်ကိုလည်းသိသည်

ကုန်းပေါ်ရှိဂြိုလ်နီကောင်ရှိရာ သွားကစားနေခြင်းသာဖြစ်သည်မို့ မပြောပဲလွှတ်ထားခြင်း

အခုလည်း ဘာကစားနည်းတွေထွင်နေပြန်သည်မသိ နန်းတော်ထဲရှိ သန္တာကျောက်တန်းလေးများကို ပြုံးပြုံးကြီး ကြည့်ကာ ဖဲ့လိုက် ပစ်ချလိုက် လုပ်နေပြန်သည်

တစ်ခါတစ်လေ မျက်နှာကြီးနီကာ အကျီစတွေဆုတ်ခြေနေသေးသည်

နန်းတော်စောင့်တပ်သားများအားလည်း မကြုံစဖူး ပြုံးပြလို့

ဒီပုံစံ ဒီလက္ခဏာတွေသည် အချစ်နှင့်စတွေ့သည့် အပျိုလေး လူပျို‌လေးများတွင် တွေ့မြင်နေကြဖြစ်သော်လည်း သူ၏သားသည် ခုထိ ကစားဖော်ကိုမက်နေသော ကလေးလေးပင်မဟုတ်ပါလား

သူ့သားနှင့် အချစ်သည် အခုအချိန်တွင် လားလားမှ မဆိုင်ပါပေ

ဂြိုလ်နီကောင်နှင့်ဆော့ကစားနေမည့်အစား နဂါးမလေးများနှင့်ပျော်ပါးကာနေသင့်သည်

သူ ထိုအရွယ်တုန်းကဆိုလျှင် ရည်းစားပင် လက်ချိုးမရေနိုင်တော့

.................................................

နဂါးနန်းတော်ထဲတွင် ပုလ္လင်ပေါ်ထိုင်ကာ အတွေးထဲမျှောနေသူ နဂါးဘုရင်ကြီးနှင့်
အချစ်စိတ်တက်နေသူ နဂါးမင်းသားလေးတို့သည် ပတ်၀န်းကျင်ကို မေ့လျော့ကာ ကိုယ်စီ စီးမျှောလျှက်

...............................................

အောင်ပင့်တစ်ယောက် နီကျားအား အချိန်တိုင်း သတိရနေခြင်းအတွက် သူ့ကိုယ်သူ ရှက်မိသည်

သာမာန် ရိုးရိုးသားသား သတိရနေခြင်းမျိုးထက် ပိုသော အတွေးများသည် ဖြူစင်သည်ဟုမဆိုနိုင်ပါ

What did I do?(Unicode+Zawgyi)Where stories live. Discover now