20 - နောက်ဆုံးတော့ သဘောတူပြီ

1.6K 221 5
                                    

Unicode

ဒုန်း......

နန်းတော်တံခါးချပ်တစ်ခုရဲ့ အားနဲ့ဆောင့်ဖွင့်ခံရခြင်းအဆုံးမှာ ပေါ်လာတာကတော့

နဂါးဘုရင်ကြီးရဲဒေါသလှိုင်းကြွနေတဲ့မျက်နှာပါပဲ

"မင်း မင်းတို့တွေ အရှက်မရှိကြဘူးလား"

မေးမြန်းသံနဲ့အတူ အခန်းထဲရုတ်ချည်း၀င်ရောက်လာတာက အံ့အားသင့်စဖွယ်

ကုတင်ပေါ်က အကောင်ပေါက်နှစ်ကောင်ကတော့

"‌နဂါးဘုရင်ဖြစ်ပြီး ယဉ်ကျေးမှုမရှိတာလား တံခါးတောင်မခေါက်ဘူး"

"ဟုတ်သားပဲ ‌အဖေကလည်း"

အတိုင်အဖောက်ညီစွာ မျက်နှာပြောင်တိုက်နေပုံက မဟုတ်တာလုပ်မထားသည့်အလား

ပြောပြောဆိုဆိုဖြင့် နီကျားသည် သူ၏အ၀တ်အစား များအား ပြန်လည်၀တ်ဆင်ရင်း နဂါးမင်းကြီးအား မေးငေါ့ကာ

"ခဏလေးစောင့်ပေးပါအူးနော် နဂါးမင်းသားလေးကို ကျွန်တော်အပြုစုလွန်သွားလို့ မထနိုင်ဖြစ်နေတာ ကူညီရအူးမယ်"

သလွန်ထက်သို့ သေချာကြည့်မိမှပဲ သားတော်မောင်သည် အ၀တ်အစားဖရိုဖရဲနှင့် ခေါင်းအုံးကိုအားပြုကာ မနည်းထိုင်နေရပုံ

နဂါးမင်း၏လက်ရှိစိတ်အခြေအနေ....
(╯°□°)╯︵ ┻━┻

ထွက်စရာဒေါသများပင်မကျန်တော့သောအခါ စကားလုံးများသည်လည်း ပြောဖို့ရာ မကျန်တော့

စိတ်ငြိမ်ယောင်ဆောင်ကာ  ထိုင်ခုံတွင်၀င်ထိုင်ရင်း ရေနွေးကြမ်းကရားကိုသာ စိုက်ကြည့်နေလိုက်သည်

..............................................................

ဒုန်း ဟူသော မြည်သံနှင့်အတူ အခန်း၏တုန်ခါမှုကြောင့် နှစ်ယောက်သား အသိ၀င်လာချိန်တွင် အခန်း၀တွင်ပေါ်လာသည်က ကျွန်တော်၏ယောက္ခထီး ချစ်သူ၏အဖေ

အခုလိုကြီး ပေါ်တင်မိမယ်ဟု တွေးမထားသော်လည်း အခုတော့ မတတ်နိုင်

ကိုယ်ကတုန်လှုပ်နေလျှင် ကိုယ့်ချစ်သူလေးပါတုန်လှုပ်နေမည်စိုးသောကြောင့် အပြောင်စကားဆိုကာ နှုတ်ခွန်းဆက်မိတော့

What did I do?(Unicode+Zawgyi)Where stories live. Discover now