24-အခိုးခံရသော သတို့သား

1.7K 201 16
                                    

Unicode

ထူးဆန်းစွာ အနီသွေးလွှမ်း‌ေနသောပင်လယ်ကမ်းခြေတွင် ကျင်းပသော ပွဲလေးတစ်ခုသည်  လူပရိတ်သတ်များအပါအ၀င် ပင်လယ်ထဲရှိ ရေသတ္တဝါ အစုံအလင်နှင့် အထက် ကောင်းကင်ဘုံရှိနတ်ဒေဝါများပါ မကျန်တက်ရောက်ကျလေသည်

ချခင်းထားသော အနီရောင်ကော်ဇောကြီးသည် ပင်လယ်ကမ်းစပ်မှ အစပြု၍ ခြောက်သွေ့သော သဲသောင်ယံထက် ကျော်ဖြတ်ကာ မဂ်လာသတို့သား၏‌ေြခရင်း ၀ပ်ဆင်းလေသည်

သာယာသော မဂ်လာတီးလုံးသံလေးမျ ား တီးမှုတ်နေစဉ်တွင် ပင်လယ်ဘက်မှ မြင့်တက်လာသော လှိုင်းလုံးကြီးနှင့်အတူ ရှုချင်စဖွယ် သတို့သားလေးသည် ပေါ်ထွက်လာ‌တော့သည်

"ဝိုး..."

"ဝေါင်း.."

"ဝါး..."

မြင်နေကြဖြူပြာရောင်ပုံရိပ်လေးသည် တမူထူးခြားစွာ အနီသွေးခြယ်နေပုံက တက်ရောက်လာသော နတ်သမီးအချို့၏အလှကိုပါ မှေးမှိန်စေသည်

ဇာပဝါးပါးလေးအောက်ရှိ မျက်နှာသွယ်သွယ်ကို အခုချက်ခြင်းပြေးလှပ်ကာ နမ်းပစ်ချင်သည့်စိတ်ကို  သတို့သားဖြစ်သော နီကျား အတော်ပင်ထိန်းထားရသည်

ကော်ဇောနီထက်ခြေချကာ တစ်လှမ်းချင်း လှမ်းလာနေသော အကောင်ပေါက်ကို အပြေးပွေ့ချီချင်စိတ်တို့က မရိုးမရွ

မိမိရှေ့ ရောက်လာသော ချစ်ရသူ လက်ကို အသာဆွဲယူကာ မိုးမြေသစ္စာတိုင်ကတိဆိုပြီးနောက်  ချစ်ရသူအား ချက်ချင်းပင် နမ်းရှိုက်ပစ်ချင်စိတ်ကပေါ်လာရပြန်သည်

မဂ်လာပွဲ ဖြစ်နေသည်ကတစ်ကြောင်း ထုံးတမ်းအစဉ်အလာရှိသေးသည်ကတစ်ကြောင်း ယောက္ခမ နဂါးမင်း ရှိသေးသည်က တစ်ကြောင်းမို့ စိတ်ကိုအသာ ထိန်းနေရသည်

မဖြစ်ဘူး မြန်မြန်ပြီးချင်နေပြီ

"မေမေ"

"ဘာလဲ ကျားလေးရဲ့"

"မဂ်လာပွဲကို ပြီးလိုက်လို့မရဘူးလား"

"မရသေးဘူးလေသားရဲ့ အောင်ပင့်လေးကို ခဏနေ အိပ်ဆောင်ခေါ်သွားကြပြီးရင်တော့ အခမ်းအနားကသိမ်းလို့ရပါပြီ"

What did I do?(Unicode+Zawgyi)Where stories live. Discover now