9-ပိုင်ရှင်

2.3K 279 7
                                    

Unicode

"အောင်ပင့် မင်းကို ကောင်းကင်နန်းတော်ကို သွားစေချင်တယ်"

နဂါးမင်း၏စကားသံကြောင့် အောင်ပင့်ကိုယ့်နားကိုယ်မယုံချင် အဖေကငါ့ကို အိမ်ပြင်ထွက်ခွင့်ပြုနေတာလား

"ဘာ ကိစ္စများလဲ အဖေ"

"ဒီသ၀ဏ်လွှာကို အဖေ့ကိုယ်စား ကောင်းကင် နတ်မင်းကြီးကို ပေးပေးနိုင်မလား"

"ရပါတယ် အဖေ ကျွန်တော် ဆောင်ရွက်ပေးပါ့မယ်"

သူ့အဖေ စိတ်မပူအောင်ပြောလိုက်ပေမယ့်လည်း အောင်ပင့်စိတ်ထဲတွင်စိတ်ပူမှုများစွာဖြင့်

နီကျားက ငါ့ကိုစောင့်နေမှာ နီကျားက ငါမလာရင် သေချာပေါက်စိတ်ဆိုးမှာ

နဂါးမင်းလည်း အစိုးရိမ်လွန်နေတဲ့ အောင်ပင့်အားကြည့်ကာ

"သိပ်စိတ်မပူပါနဲ့ အဖေပေးခိုင်းတာ သ၀ဏ်လွှာလေးတစ်ခုပါပဲ"

"......…."

မိမိခိုင်းထားသည်အား အဆင်မပြေဖြစ်မှာ စိုး၍စိတ်ပူနေသော သားြဖစ်သူအားကြည့်ပြီး နဂါးမင်းပြုံးမိသည်

"အောင်ပင့်ရေ အောင်ပင့်လေးရေ"

ချိန်းထားသော သောင်ပြင်သို့အရောက် နီကျား
အောင်ပင့်အား ရှာမိသည်  သူ့အားအမြဲစောင့်နေတတ်သော ပုံရိပ်လေးအား မတွေ့

"ခါတိုင်းဆို ကြိုရောက်နေကြပါ ငါပဲစောလွန်း နေလို့များလား"

ထိုင်စောင့်နေကြ ကျောက်တုန်းလေးရှိရာသို ့စိတ်မပါစွာ ‌ေလျှာက်လာရင်း မြင်မိလိုက်သည်က ကျောက်တုန်းပေါ်ကစာရွက်တစ်ခု

။ နီကျား အဖေကခိုင်းလို့ ကောင်းကင်နန်းတော်ကိုသွားတယ် ပြန်လာရင် အတူကစားမယ် ။

ကောင်းကင်နန်းတော် တကယ်ကြီးသွားလိုက်တာလား အောင်ပင့်ကလေ သူမပါပဲနဲ့

စာရွက်ကိုကြည့်လိုက်ရာ မင်တို့မှာ မခြောက်သေး သေချာတယ်အောင်ပင့်သွားတာ သိပ်မကြာလောက်သေးဘူး

ကောင်းကင်ယံသို့ မီးဘီးလေးသည် အရှိန်အဟုန်ဖြင့်

အောင်ပင့် နဂါးပုံစံဖြင့်ကောင်းကင် နန်းတော်သို့ ခရီးလွင့်နေခိုက်

What did I do?(Unicode+Zawgyi)Where stories live. Discover now