17- နဂါးမင်း၏ကျဆုံးခန်း

1.8K 241 24
                                    

Unicode

ရက်အတော်ကြာပြဿနာမရှာသော သခင်လေးသည် ဒီနေ့တွင်ပြဿနာကို တကူးတကကိုရှာလေသည်

ထမင်းစားချိန်တွင်

"ဘာလို့ထမင်းစေ့တွေက ဖြူနေရတာလဲ"

အစေခံများ- "........"

ဆရာနှင့် စာသင်ချိန်တွင်

"ဆရာက ကောင်းကင်ဘုံနန်းတော်ကနတ်သားဆိုပြီး ဘာလို့ရုပ်ဆိုးရတာလဲ"

ဆရာ - "......."

သခင်ကြီးနှင့် သခင်မကြီးအားသွားတွေ့ချိန်တွင်

"မေနဲ့ဖေက သားကို ဘယ်လိုရလာတာလဲ"

မိဘနှစ်ပါး- "......"

ပန်းခြံထဲ အနားယူနေစဉ်

"ဘာလို့ ဥယျာဉ်ထဲကသစ်ပင်တွေက အစိမ်းရောင်လဲ အပြာရောင် ပြောင်းပေး အပြာရောင်"

ဥယျာဉ်မှူး- "......."

ဤသို့ ဤသို့ဖြင့် သခင်လေးသည် မရေမတွက်နိုင်သော ပေါက်ကရမေးခွန်းများမေးကာ စံအိမ်တစ်ခုလုံးအား အကျပ်ရိုက်စေသည်က တစ်မျိုး

သူ့အကြိုက်လိုက်မလုပ်ပေးသဖြင့် စိတ်ဆိုးကာ ပေါက်ကွဲသည်က တစ်ဖုံ ပြဿနာရှာလေသည်

နောက်ဆုံးတွင်တော့ ဒီအိမ်မှာ မနေချင်တော့ဘူးဟုဆိုကာ အထုတ်ဆွဲ၍ ထွက်သွားလေသည်

သခင်မသည် သူ၏ချစ်ရသော သားဆိုးလေးမည်သည်ကိုစိတ်ခုသွားသည်ကို မသိသော်လည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရန် ကြိုးစားကြဖို့ အစေခံများအား မှာကြားပြီး သားတော်မောင်နောက် တိတ်တဆိတ် လိုက်ရပြန်လေသည်

ကလေးဆိုးသည် မိခင်လိုက်လာသည်ကို သိသော် ဟွန့်ခနဲ အသံပြုကာ ဂရုပင်မစိုက် ဆက်သွားလေသည်

သခင်မနှင့် အစေခံနှစ်ယောက်သည် သခင် လေးမည်သည့်နေရာကိုသွားမည်မှန်းခန့်မှန်းမိသော်လည်း မသေချာ

တ‌ဖြေးဖြေး မြို့ပြင်ဘက်ထွက်ကာ ပင်လယ်ဘက်ကို ဦးတည်မှ သက်ပြင်းချနိုင်လေသည်

သားလေး ကစားရတာ ပျင်းလာရင် ပြန်လာမှာပါဟု တွေးကာ သခင်မသည် စံအိမ်တော်ဆီသို့

What did I do?(Unicode+Zawgyi)Where stories live. Discover now