ခဏနေပါဦး!သူဘာတွေကိုစဉ်းစားနေ မိတာလဲ?!ဘာလို့ဒီလိုစကားလုံးမျိုး ကိုစဉ်းစားမိရတာလဲ?

လီလျိုမှာတကယ်ပဲသူ့ကိုယ်သူ ဒူးထောက်ချင်မိတော့သည်။

"လဒ်ဝတ်..ဘာဖြစ်လို့လဲမင်းဘာတွေ စဉ်းစားနေတာလဲ?"

အဲလ်ဗစ်ရဲ့နက်ရှိုင်းပြီးသံလိုက်လို အသံကလီလျိုကိုသူ့ရဲ့လွင့်မျောနေ သောအတွေးများထဲမှလွတ်မြောက်စေ လိုက်သည်။ပြီးတော့....သူ့ဝိညာဉ်ပြန် ရောက်လာသည်နှင့်တစ်ပြိုက်နက် အဲလ်ဗစ်ရဲ့အပြစ်အနာဆာကင်းပြီး ချောမောခန့်ညားသောမျက်နှာက သူ့မျက်လုံးနားမှာအရမ်းနီးကပ်နေ တာကိုတွေ့လိုက်ရလေ၏။

လီလျိုမှာချက်ချင်းပင်သူ့နှလုံးခုန်နှုန်း ကအကြိမ်တော်တော်များများမြန်မြန် ခုန်သွားတာကိုခံစားလိုက်ရသည်။သူက ရင်တုန်နေပြီးသူ့အသက်ရှူသံကလည်း မြန်ဆန်လာကာဘာမှမတတ်နိုင်ပဲကျို့ထိုး လိုက်မိတော့သည်။

လီလျို ; "........."

သူဒီထက်ပဲပိုပြီးပဲမိုက်မဲဦးမလားorz? 

(orz - တရုတ်မှာသုံးတဲ့Emojiပါ ဒူးထောက်ကျသွားတယ်ဆိုတဲ့ပုံ..orz ကိုသေချာကြည့်ကြည့်အဲ့ပုံထွက်တယ် အောက်ဆုံးမှာပုံလေးတွဲပေးထားပါတယ်)

ထို့နောက်သူကအလျင်အမြန် ပဲပြန်ဖြေလိုက်တော့သည်။

"ငါ...ငါဘာမှမတွေးပါဘူး.....အိုးဒါနဲ့ အဲလ်ဗစ်....စာသင်နှစ်အသစ်ကနောက် သုံးရက်နေရင်စတော့မှာမှတ်လား?ငါတို့ ဒီကထွက်သွားဖို့မလိုဘူးလား?"

အဲလ်ဗစ်ရဲ့မျက်လုံးထဲမှာအပြုံးတစ် ချက်ဖြတ်ပြေးသွားသော်လည်းသူက လီလျိုကိုထပ်မစတော့ပဲလီလျိုရဲ့ စကားအတိုင်းလိုက်ပြောလိုက်သည်။

"အင်း..မြန်မြန်ထုပ်ပိုးကြတာပေါ့ ပြီးတော့မှော်သားရဲတောင်တန်းကနေ ထွက်ဖို့ပြင်ကြမယ်"

အဲလ်ဗစ်ကတစ်ဖက်သို့လှည့်လိုက်ပြီး သောအခါသူ့နှုတ်ခမ်းထောင့်စွန်းများက မနေနိုင်ပဲကွေးညွှတ်တက်သွားရတော့သည်။

လဒ်ဝတ်လည်းသူ့အပေါ်မှာခံစားချက် ရှိနေတာကိုသူအာရုံခံမိတယ်လေ...ဒါပေမဲ့ သူလဒ်ဝတ်ရဲ့တကယ့်ကိုစိတ်ဝင်စားဖို့ ကောင်းတဲ့တုံ့ပြန်မှုတွေကိုကြည့်လိုက် တော့သူအရမ်းကိုဖော်ထုတ်လိုက်ချင် ပေမယ့်အခုကအသင့်တော်ဆုံးအချိန် မဟုတ်သေးဘူးလို့ခံစားရတယ်..ဒါ့အပြင် လဒ်ဝတ်ရဲ့တုန့်ပြန်မှုအမျိုးမျိုးကလည်း အရမ်းချစ်စရာကောင်းတယ်။

(Completed )The Transmigration Routine of Always Being Captured by MLHikayelerin yaşadığı yer. Şimdi keşfedin