အပိုင်း-၅၁ (Unicode)

7.9K 1K 302
                                    


တောင်ကြီးမြို့ရဲ့ မနတ်ခင်းသည် နေခြည်ဖြိုးဖြိုးဖျဖျလေးနှင့် လင်းလက်နေလေသည်။ နှင်းမူန်တွေဟာ တိုးဝင်လာတဲ့ နေရောင်ခြည်အောက်မှာ တဖြည်းဖြည်း မြေခပျောက်ကွယ်သွားရရှာလေသည်။ အုတ်တိုက်နီနီကလေးရဲ့ ဧည့်ခန်းကလေးသည် နေခြည်တိုးဝင်မူကြောင့် အနည်းငယ်နွေးထွေးလျှက်ရှိသည်။ အချိန်ကား မနတ်ကိုးနာရီ။ ထက်မာန်ဦးနှင့် ဝေလွှမ်းတို့ တောင်ကြီးသို့ရောက်ပြီး သုံးရက်မြောက်နေ့။

"ဒီကက်ဆတ်ခွေတွေက မင်းနားထောင်တာလား။"

ထက်မာန်ဦး ဧည့်ခန်းထဲ ဟိုကြည့်ဒီကြည့်နှင့် ပတ်မွှေရင်းနဲ့ ကြိမ်ခြင်းတစ်ခုထဲ သပ်သပ်ရပ်ရပ်လေး ထည့်ထားတဲ့ ကတ်ဆတ်ခွေတွေကို တွေ့လေသည်။ စိုးပိုင်၊ မီမီဝင်းဖေ၊ စိုင်းထီးဆိုင်အစုံပင်။ အများအားဖြင့် ထက်မာန်ဦးတို့ အမေတွေခေတ်က သီချင်းတွေ။ ထက်မာန်ဦးလည်း အိမ်မှာ တခါတလေ ကြီးငယ်ကဖွင့်လေ့ရှိတာမို့ ရင်းနှီးနေလေသည်။

"တစ်ခါတလေတော့နားထောင်ဖြစ်တယ်။ သွားမကိုင်နဲ့။ ငါ့အမေပစ္စည်းတွေ။"

စိုင်းဝေယံစကားကြောင့် ထက်မာန်ဦး ပြန်ချထားလိုက်သည်။ နားထောင်တယ်သာ ပြောတာ။ မြင်ရသလောက်က ကတ်ဆက်ကလည်းအိုနေပြီး သံချေးတောင်ကိုက်နေလေပြီ။ ဒီကတ်ဆတ်နဲ့ ဖွင့်ရင်တော့ တဂျစ်ဂျစ်အသံလောက်သာ မြည်လောက်မည်။ စိုင်းဝေယံ ဘယ်လိုနားထောင်သလဲတော့မပြောတတ်။"မင်းအမေကရော။"

"ငါ့အမေကလား။"

ထက်မာန်ဦးက မေးပါတယ်ဆိုနေမှ စိုင်းဝေယံက ပြန်မေးနေလေတော့သည်။

"မသိပါဘူး။ဆုံးဘဲဆုံးသွားသလိုလို။ နိုင်ငံခြားကိုဘဲ ထွက်သွားသလိုလို။ ဘာလိုလိုပါဘဲ။ ငါလည်းသေချာမသိဘူး။"

စိုင်းဝေယံသည် ပြောရင်းထက်မာန်ဦးအနားပြန်ရောက်လာပြီး ကတ်စက်ခွေလေးတွေကို ပြန်စီနေလေတော့သည်။

"အဖေကရော။"

"သေသွားပြီ။"

စိုင်းဝေယံ ပြန်ဖြေပုံက တုံးတိကြီး။ သူများမိသားစုအကြောင်းကို ဒီထက်လည်း ပိုစပ်စုလို့မကောင်းတာကြောင့် ထက်မာန်ဦး ငြိမ်နေလိုက်မိတော့သည်။ သို့သော် ခင်မင်ခဲ့တာဖြင့် နှစ်တွေကြာပြီ။ စိုင်းဝေယံ အကြောင်း ဒီလောက်လေးမှ မသိရလေခြင်းဆိုပြီး စိတ်မကောင်းတော့ဖြစ်မိသေးသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now