အပိုင်း-၂၃ (Unicode)

7.9K 1K 90
                                    

"ဟုတ်ကဲ့။စိတ်ချပါရှင်။ ကျွန်မတို့အတတ်နိုင်ဆုံး ကလေးကိုစောင့်ရှောက်ပါ့မယ်။"

"ဒါက ကျွန်တော့်ရဲ့ဖုန်းနံပါတ်ပါ။တစ်ခုခုဆို ဆက်သွယ်လို့ရပါတယ်။ဆရာမလက်ထဲကိုလည်း သေချာအပ်ပါတယ်။ ဆရာမရယ်။"

အဆောင်ကျောင်းအုပ်နှင့် ဦးကြီးတို့ အပြန်အလှန်ပြောနေတဲ့ စကားတွေဟာ ကြားတစ်ချက်မကြားတစ်ချက်။ စိုင်းဝေယံ ထိုစကားဝိုင်းထဲ တခွန်းတပါဒမှ ဝင်မပြောပါဘဲ ကိုယ့်ကို နေရာချထားပေးတဲ့ ထို်င်ခုံတစ်ခုံမှာ ငြိမ်သက်စွာ ထိုင်နေမိသည်။ တောင်ပေါ်သားဖြစ်တဲ့အပြင် ရှမ်းသွေးအပြည့်ပါသူမို့ အသားက စွတ်စွတ်ဖြူသည်။

ထူထဲတဲ့မျက်ခုံးမွှေးတွေအောက်က ကျဉ်းမြောင်းတဲ့မျက်ဆံအိမ်ဟာ စူးရှသည်။ စင်းနေတဲ့ နှာခေါင်းက အတန်ငယ်ကြီးပေမယ့်လို့ လေးထောင့်ကျတဲ့မျက်နှာရှည်ရှည်နှင့်လိုက်ဖတ်သည်။ နူတ်ခမ်းပါးတွေကတော့ အသားဖြူသူတို့ရဲ့ ထုံးစံပီပီခပ်ရဲရဲ။

အဆောင်လာခါနီးမှ ဦးလေးက ဆိုင်ကိုဆွဲခေါ်ပြီး ညှပ်ပေးလိုက်တဲ့ တိုနံ့နံ့ ဆံပင်နှင့်။လူကောင်က နဂိုကတည်းက ကြီးတဲ့အထဲ ခေါင်းစွပ်အနွေးထည် မီးခိုးရောင်ကြီးနှင့် ခပ်ကုန်းကုန်းကြီး ထိုင်နေတာမို့ စိုင်းဝေယံ ပုံစံက ပိုလာဝက်ဝံတစ်ကောင် မူန်ကုတ်ကုတ်နှင့် ဧည့်ခန်းထဲ ရောက်နေသလိုဖြစ်နေသည်။

"ကျောင်းသားသစ်လား။"

"အိစ်။ လူကောင်က နည်းတာကြီးမဟုတ်ဘူး။"

"ခုမှလာတာဆို Repeater ထင်တယ်။"

တီးတိုး တီးတိုး အသံတွေကြောင့် စိုင်းဝေယံ ဖျတ်ခနဲ မော့ကြည့်လိုက်တော့ ကျွန်းလှေကားတလျှောက် တန်းစီနေတဲ့ ခေါင်းသေးသေးလေးတွေက မနည်းမနောပင်။ အားလုံးက စိုင်းဝေယံကို ဝုန်းအုံကြည့်နေခြင်းဖြစ်သည်။ စိုင်းဝေယံ ပြန်လည်းစိုက်ကြည့်လိုက်လေရော အားလုံး တဝုန်းဝုန်းနှင့် လှေကားပေါ်ပြေးတက်သွားလေတာ မျက်စိရှေ့မယ် တကောင်တမြီးမှ ကျန်မနေတော့။

"ကဲ။ ငါပြန်တော့မယ်။ လိမ်လိမ်မာမာနေခဲ့နော်။အရင်လိုမဆိုးနဲ့။ ဒီမှာလိုက်ဖြေရှင်းပေးမယ် ငါတို့လည်းမရှိဘူး။ ကြားလား။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now