အပိုင်း-၂၀ (Unicode)

9K 1.1K 211
                                    


"ငါ့စာအုပ် ဒီလောက်ကြေမွနေတာ ဘယ်သူ့လက်ချက်လဲ။ "

တော်ရုံ အသံကျယ်ကျယ်ပြောလေ့မရှိတဲ့ ဝေလွှမ်းဆီမှ ထအော်သံက ထွက်ပေါ်လာသည်မို့ တဆောင်လုံးက လှည့်ကြည့်ကြလေတော့သည်။ ဝေလွှမ်းရဲ့လက်ထဲမှာတော့ ပလတ်စတစ်အဖုံးက မီးလောင်ထားသလို စုတ်ပြတ်နေပြီး စာအုပ်ထဲက စာရွက်တရွက်တွေကလည်း ကြေနေလေသည်။ သူ့စာအုပ်တွေမှာ ခေါက်ချိုးရာလေးတစ်ရာရှိနေရင်တောင် မကြိုက်တဲ့ ဝေလွှမ်းစာအုပ် ကျိုးကြေသွားခြင်းသည် တဆောင်လုံးမိုးမီးလောင်ခြင်းပင်ဖြစ်လေသည်။

ဝေလွှမ်းက အဆောင်ထဲက လူတွေရဲ့မျက်နှာတွေကို တစ်ယောက်ချင်းစီကို စေ့စေ့လိုက်ကြည့်နေရင်းမှ နောက်ဆုံးမှာ မနတ်စောစောစီးစီး ဂျယ်လီရေခဲချောင်းစုပ်နေတဲ့ ထက်မာန်ဦးဆီမှာ အကြည့်ရပ်သွားသည်။ တဆောင်လုံးကလည်း ထက်မာန်ဦးကို မသိမသာနှင့် လက်ညိုးထိုးပြလေသည်။

ထက်မာန်ဦး ဂျယ်လီရေခဲချောင်းကို ပြွတ်ခနဲ စုပ်စားလိုက်ရင်း ဘာလဲဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြလေသည်။ ထက်မာန်ဦးလုပ်သည်လည်းဆိုရော ဝေလွှမ်းသည် ဘာမှဆက်မပြောတော့ ထိုကျိုးကြေနေတဲ့ စာအုပ်ကို ယူပြီး ထွက်သွားလေတော့သည်။

တကယ်လည်း ထက်မာန်ဦး လုပ်လိုက်တာ။ မနေ့က လွှမ်းစာအုပ်ပေါ် ဖင်ထိုင်လျှက်ပြုတ်ကျထားတာ။ ပလတ်စတစ်အဖုံးခေါက်သွားလို့ မီးပူပြန်တိုက်ပေးကာမှ မီးပါကျွမ်းသွားလေသည်။ အဲ့တာနဲ့ မသိလိုက်မသိဘာသာ ဒီတိုင်း လွှမ်းစာအုပ်ပုံထဲ ပြန်ထိုးထည့်ပေးထားတာ။

"ဝေလွှမ်းကတော့ သူ့လင်နဲ့ အဆင်မပြေတာနဲ့ တဆောင်လုံးကို ရမ်းမယ်ဆိုတာချည့်ဘဲ။"

မိုးဝေက ထက်မာန်ဦးဘေးနား လာရင်း ပြောသည်။

"မင်းလည်း မင်းမိန်းမ မင်းနိုင်အောင်ထိန်းဦး။အခုထိမင်းကိုစိတ်ကောက်တာ မပြေသေးဘူးလား။"

"မပြေသေးဘူး။"

ထက်မာန်ဦး ဂျယ်လီရေခဲချောင်းအစုပ်မပျက်ဘဲ ပြန်ဖြေသည်။ လွှမ်း ထက်မာန်ဦးကို သိသိသာသာကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာ တပတ်ပြည့်တော့မည်ဖြစ်သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now