"မနေ့ညက မင်းအိပ်ရေးပျက်တာလား။"
"အမ်း..ခွီး။"
အရှေ့ကခုံမှာဝင်ထိုင်လိုက်ရင်း ပြောလိုက်တဲ့ စိုင်းဝေယံရဲ့ စကားကြောင့် ချဉ်ပေါင်ဟင်းချိုပူပူက မူတ်မသောက်ရဘဲ ထက်မာန်ဦး ရဲ့လည်မျိုထဲ တန်းပြီးစီးဆင်းသွားလေသည်။ ပူလိုက်သည့်ဖြစ်ခြင်း။
"တကယ်ဘဲ အိပ်ရေးပျက်ထားတာဘဲ။ ခုထိကို နိုးတဝက် အိပ်တဝက်နဲ့ မင်းပုံက။"
သူ့ဘေးမှာ အရံသင့်ရှိနေတဲ့ ရေခွက်ကို ထက်မာန်ဦးနားကို တိုးပေးရင်းနဲ့ စိုင်းဝေယံက နူတ်ခမ်းကိုမဲ့ရွဲ့ရင်းပြောလေသည်။ စိုင်းဝေယံ ပြောတာလည်း မှားမနေတာမို့ ထက်မာန်ဦးပြန်လည်း စွာမနေနိုင်တော့။ မနတ်ကလည်း မြန်မာစာဆရာမဆီမှာ အပြန်ပြန်အလှန်လှန်ကျက်ပြီးသား ခက်ဆစ်တွေကို ပေါက်တတ်ကရတွေအော်ဆိုသည်။ သချင်္ာဆရာမအချိန်မှာပုစ္ဆာတွေကို အိပ်ချင်မူးတူးနဲ့ သောက်တလွဲတွက်လို့ ဆူခံရပြီးပြီ။
"အေး။ မနေညက အိပ်မပျော်ဘူး...။"
"လာ။ ဝေလွှမ်း။ထိုင်။"
ညည်းညူပြောနေချိန် ဝေလွှမ်းဆိုတဲ့ နာမည်ကြားလိုက်တော့ ထက်မာန်ဦး ပါးစပ်ကိုချက်ချင်းတန်းပိတ်လိုက်လေသည်။
"မင်းဖယ်ပေးလိုက်ဦး။"
စိုင်းဝေယံရဲ့ စကားကြားမှ ထက်မာန်ဦး အသိဝင်လာတော့သည်။ ကယောင်ကတမ်းလှည့်ကြည့်မိတော့ လွှမ်းက ထမင်းပန်ကန်ကို ကိုင်လျက်နှင့် ဘေးမှာ ရပ်လျက်ရှိသည်။ အဲ့တော့မှ လွှမ်းနေရာကို ထိုင်ထားတာသိပြီး ထက်မာန်ဦး ချက်ချင်းထကာ ညာဘက်ဘေးကို ရွှေ့ပေးလိုက်သည်။
လွှမ်းက ထက်မာန်ဦးရဲ့ ဘယ်ဘက်ခြမ်းမှာ ဝင်ထိုင်လိုက်လေသည်။ လွှမ်းက ဘယ်သန်မို့ ထမင်းစားချိန်ဆို ဘယ်ဘက်အစွန်ဆုံးနေရာကို သူ့အတွက် အမြဲချန်ပေးထားရသည်။ မဟုတ်လျှင် ညာသန်နှင့် ထမင်းစားသည့်အချိန်တံတောင်ချင်းတိုက်မိပြီး နှစ်ယောက်လုံးစိတ်အနှောင့်အယှက်ဖြစ်ရသည်။ ကျန်တဲ့ကျောင်းသားတွေကလည်း လွှမ်းဘယ်သန်မှန်းသိတာကြောင့် လွှမ်းလာလျှင် အလိုအလျောက်ဖယ်ပေးကြသည်။ ထက်မာန်ဦး လည်း ဖယ်ပေးနေကြပင်။ ဒီနေ့မှ စိတ်တွေက နည်းနည်း ကယောက်ကယက်ဖြစ်နေလို့သာ။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...