အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်

Start from the beginning
                                    

"မငိုနဲ့လေ ရှောင်ဟွား...တိတ်တိတ်...ကိုယ် သက်သာအောင်လုပ်ပေးမယ်နော်...ခဏနေ သက်သာမှာ"

"လုပ်ပေးမယ်ဆို ခုလုပ်ပေးလေ...ခုထိ မသက်သာသေးဘူး အီးဟီး...အကိုကြီးနဲ့တိုင်မယ်...ကျွန်တော့်ကို အနိုင်ကျင့်တယ်လို့ အီးဟီးဟီး"

မျက်ရည်များဝေ့သီနေသော မျက်ဝန်းများအား လက်ဖြင့်ပွတ်ကာ ငိုနေသည့် ရှောင်ဟွား၏ ချစ်စရာကောင်းနေပုံကြောင့် ရှင်း ရယ်ရခက် ငိုရခက်ဖြစ်သွားရသည်။

သူ၏ လက်တစ်ဖက်​​ဖြင့် ရှောင်ဟွား၏ လက်နှစ်ဖက်အား ဆုပ်ကိုင်၍ ခေါင်းထက်တွင် ထားလိုက်ပြီး ကျန်လက်တစ်ဖက်ရှိ လက်ချောင်းများဖြင့် မျက်ရည်များအား သုတ်ပေးလိုက်သည်။

"နောက်ဆို အကိုကြီးက ကိုယ်တို့ကြား ဝင်စွက်ဖက်လို့ရမှာ မဟုတ်တော့ဘူး"

"အဟင့် လက်နာတယ်....နေရခက်တယ်...ရှင်း ကူညီပေးလို့ရရဲ့နဲ့ အနိုင်ကျင့်နေတာ...ဘာလို့တိုင်လို့မရရမှာလဲ"

"ဘာလို့ဆို....ရှောင်ဟွားက ကိုယ့်အပိုင်မို့"

အိပ်ခန်းထဲရှိ မီးအိမ်များသည် မီးစာအား ငြိမ်းသတ်သူ မရှိပါဘဲ မှောင်အတိကျသွားလေတော့သည်။

******************************

ရှင်း မျက်လုံးများဖွင့်လိုက်တော့ သူ၏ရင်ခွင်ထဲတွင် ပင်ပန်းကာ အိပ်ပျော်နေသော ချစ်စရာ ကောင်ငယ်လေးအား တွေ့လိုက်ရသည်။

ငိုရလွန်းသောကြောင့် နှာခေါင်းထိပ်လေးများနီရဲကာ ခြောက်သွေ့နေသော မျက်ရည်စီးကြောင်းများဖြင့် မျက်နှာလေးအား ခပ်ဖွဖွထိကိုင်လိုက်သည်။ ထို့နောက် သန့်ရှင်းရေးလုပ်ပေးရန် ထ၍ ချစ်သူဆွဲချွတ်ထားသော ညအိပ်ဝတ်ရုံတော်အား ဝတ်ဆင်လိုက်သည်။

အိပ်ဆောင်တံခါးအား ဖွင့်လိုက်ပြီး အတော်ဝေးဝေးတွင်ရှိနေသော ရှောင်ကုန်းဇီအား ခေါ်ကာ အိပ်ရာခင်းတို့အား လဲလှယ်ခိုင်းလိုက်သည်။  သန့်ရှင်းရေးလုပ်ရန် မှာကြားပြီးနောက် မေ့မျောနေသူလေးဆီပြန်သွားလိုက်ပြီး ပွေ့ချီကာ အိပ်ဆောင်နှင့် တွဲလျက်ရှိသော ရေချိုးကန်ရှိရာဆီသို့ ဦးတည်သွားလိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now