အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်

Start from the beginning
                                    

အချိန်တော်တော်ကြာထိ သူ၏ နှုတ်ခမ်းတို့အား ရန်ရှာနေသော ချစ်သူလေး၏ နူးညံ့စိုစွတ်သော နှင်းဆီဖူးနှုတ်ခမ်းတို့ မနာကျင်စေရန် နှုတ်ခမ်းတို့အား ဖယ်ခွာလိုက်ပြီး ကျော့ရှင်းလှပသော လည်တိုင်လေးဆီသို့ ဦးတည်လိုက်သည်။

စိတ်မထိန်းနိုင်စွာ လည်တိုင်လေးအား ကိုက်ခဲလိုက်မိတော့ မျက်လုံးမှိတ်ကာ ခံစားချက်များ ခံယူနေသူ၏ နှုတ်ခမ်းပါးထက်မှ တိုးညှင်းသောညည်းညူသံလေး ပေါ်ထွက်လာသည်။

"အ"

ထိုညည်းညူသံလေးသည် သူ၏စိတ်ဆန္ဒတို့အား အဆုံးထိမြှင့်တင်ပေးလိုက်လေသည်။ သူဖန်တီးထားသော ကျော့ရှင်းသော လည်တိုင်ထက်ရှိ အနီရောင် အနုပညာများအား စိတ်တိုင်းကျစွာ ကြည့်ရှုလိုက်ပြီးနောက် နူးညံ့သော နားနုနုလေးကို ခပ်ဖွဖွကိုက်လိုက်သည်။ တုန်ယင်သွားသော ခန္ဓာကိုယ်ကြောင့် ရှင်း ပြုံးလိုက်မိသည်။

"ရှင်း ကျွန်တော် အရမ်းပူပြီး အရမ်းနေရခက်နေတယ်"

ချစ်ရသူလေးအား စကားမပြောနိုင်တော့အောင် နှုတ်ခမ်းတို့အား နမ်းရှိုက်ကာ အိပ်ရာထက်လှဲချလိုက်သည်။ နှုတ်ခမ်းပါးအချင်းချင်း ဖိကပ်နေရာမှ ဖယ်ခွာလိုက်ပြီး နီရဲနေသော မျက်နှာလေးအား တဖန်ပြန်၍ ကြည့်ရှုလိုက်သည်။

နဖူးစပ်တွင် ကျနေသော ဆံစလေးများအား လက်ချောင်းရှည်များဖြင့် ဖယ်ရှားလိုက်ပြီး အငမ်းမရ အသက်ရှုနေသော အောက်ဖက်ရှိ ချစ်ရသူအား ချိုသာစွာ ပြောလိုက်သည်။

"ကိုယ် ရှောင်ဟွား နေရသက်သာအောင် ကူညီပေးမယ်...ဒါပေမဲ့ ရှောင်ဟွား ကိုယ့်ကိုခွင့်ပြု မပြုအရင်ပြောရမယ်"

"ခွင့်ပြုတယ်...ခွင့်ပြုတယ်...အရင်သက်သာအောင်လုပ်ပေး"

သည်းမခံနိုင်စွာ အော်လာသော ရှောင်ဟွားကြောင့် ရှင်း ပြုံးလိုက်မိသည်။

"ကိုယ်တို့ တူတူအိပ်မှာ...တကယ် လက်ခံတယ်နော်"

"လက်ခံတယ်လို့...ပူတယ်...နေရခက်တယ်...အီးဟီး"

ရုတ်တရက် ထငိုသော ရှောင်ဟွားကြောင့် ရှင်း ဘာလုပ်ရမလဲမသိ ဖြစ်သွားရသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now