အပိုင်း-၅၀ (Zawgyi)

Start from the beginning
                                    

"ရတယ်။ ပုံမှန်အစောကြီးထနေကြဘဲ။ညက ကောင်းကောင်းအိပ်မပျော်လို့သာ။"

လွှမ်းက ပြောရင်းဆိုရင်း ခြင်ထောင်ကြိုးတွေကို ဖြုတ်သိမ်းနေလေသည်။ လွှမ်းကသာ အိပ်မပျော်တာ။ ထက်မာန်ဦးကတော့ မနေ့ညက လွှမ်းရဲ့ နားမှာ ကပ်အိပ်လိုက်ကတည်းက တရေးတောင် မနိုးဘဲ တန်းပြီး အိပ်ပျော်သွားတာဘဲ။

"အိပ်ရာပြောင်းလို့ဖြစ်မယ်ထင်တယ်။ ငါကတော့ မနေ့က မင်းငါ့ထက်တောင် စောပြီး အိပ်သွားတယ်ထင်တာ။"

လွှမ်းက ထက်မာန်ဦးရဲ့ ယူဆချက်ကို ဘာမှထွေထွေထူးထူး ပြန်မပြောပေ။ လွှမ်းက စောင်တွေကို ခေါက်သိမ်းနေတာမို့ ထက်မာန်ဦးလည်း လွှမ်းကိုကူတဲ့အနေနဲ့ အိပ်ရာခင်းကိုကူသိမ်းပေးလိုက်သည်။ လွှမ်းက ငြိမ်နေတော့ ထက်မာန်ဦးကဘဲ လွှမ်းကို စကားစလိုက်မိသည်။

"ဒီနေ့တော့ ခြင်ထောင်တစ်လုံး စိုင်းဝေယံဆီက ထပ်တောင်းရမယ်။"

"အင်း။"

လွှမ်းရဲ့ တုံ့ပြန်မူကထိုမျှလောက်သာ။ လွှမ်းသည် သူ့ရဲ့စောင်ခေါက်သိမ်းတဲ့အပေါ်မှာဘဲ အာရုံစိုက်ထားလေသည်။ ထက်မာန်ဦးကို မော့လည်းမကြည့်ပါ။ ထက်မာန်ဦးဘက်ကဘဲ ထိုရေခဲတုံးလွှမ်းကို စကားထပ်ပြောရပြန်သည်။

"ဒီညတော့ မင်းအပေါ်မှာအိပ်"

"အဲ့တာဆိုမင်းကရော။"

ဒီတစ်ခါတော့ လွှမ်းဆီက အမေးဝါကျကထွက်ပေါ်လာတော့သည်။

"ငါကအောက်မှာအိပ်မယ်။ မင်း သေချာမှ နေမကောင်းသေးဘဲ။ အပေါ်မှာအိပ်စမ်းပါ။"

"ဘာမှမဖြစ်ဘူး။အောက်မှာဘဲ အိပ်မယ်။"

လွှမ်းကျိန်းသေပေါက် ငြင်းလိမ့်မည် ဆိုတာ ထက်မာန်ဦး တွေးမိပြီးသားပင်။ လွှမ်းသည် ငယ်စဉ်ကတည်းက ထက်မာန်ဦးကို ဦးစားပေးမူတွေနှင့်အတူ အသားကျပြီးသားလူ။ သို့သော် မနေတတ်သူက ထက်မာန်ဦးပင်။ လွှမ်းက ဆေးရုံကဆင်းထားတာမှ သုံးလောက်ဘဲရှိသေးတာ မဟုတ်ပါလား။ အခုတော့ လွှမ်းကလက်မခံတာနဲ့ဘဲ မနက်စာစောစီးစီး လွှမ်းနှင့် စကားအချေအတင်ဖြစ်ရပြီ။

"အောက်ကအေးလို့ ငါပြောနေတာဟ။ မင်းဆေးရုံကဆင်းတာတောင် မကြာသေးဘူး။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now