ရတုမေမေကိုလဲ ခွင့်တောင်းပြီး ရတုကိုဒီမှာပဲခေါ်ထားတယ်။ နေကောင်းမှပဲ ပြန်လာပို့ပေးပါ့မယ်ဆိုပြီး ရတုကစစချင်းတော့ လက်မခံပင်မဲ့နောက်တော့ သေသေချာချာလေးပြောပြမှ လက်ခံသွားတယ်။

"အင်းပါ။ကိုလိုက်ပို့ပေးမယ်နော် ခုတော့ ထမင်းသွားစားရအောင်လာ"

ထမင်းစားခန်းထဲသို့ ဝင်လာသော စိုင်းနှင့်ရတုအား
"လာကြတော့....အဆင်သင့်ဖြစ်ပြီ ရတုလေးကြိုက်တဲ့ ဟင်းတွေမနှင်းချက်ထားတယ်။"

"ကျွန်တော်အားနာလိုက်တာ မနှင်းရယ်"
"ရပါတယ်ရှင် လာလေ ထိုင်ကြ"

ရတုထမင်းပန်းကန်ထဲသို့ ဟင်းတွေတစ်ခုပြီးတစ်ခုထည့်ပေးနေပြန်သော စိုင်းအား ရတု အဲ့လိုမလုပ်ရန်အကြိမ်ကြိမ်ပြောသော်လဲ အားနည်းမှာဆိုးလို့တဲ့ ဘယ်လိုမှပြောလို့မရတဲ့လူကြီး

ထမင်းစားသောက်ပြီးလို့ ဧည့်ခန်းထဲ သစ်သီးထိုင်စားနေရင်း နှင်းမှ
"စိုင်းရေ ခုမနှင်းပြောစရာရှိလို့ နောက်အပတ်လောက်ထဲ မနှင်း koreaသွားရမယ်။ ဒီကနေရွေးထုတ်ပေးလိုက်တဲ့သူတွေ အခြေအနေသွားကြည့်မလို့လေ။ အဲ့တာ ကုမ္ပဏီ ကိုထုံးစံအတိုင်း စိုင်းလက်ထဲပဲ အပ်ထားခဲ့မယ်။"

"ရပါတယ်။မနှင်းသွားပါ စိတ်မပူနဲ့ "
"ရတု အပေါ်တတ်တော့မလား။ "
"အင်းတတ်တော့မယ်။ အပေါ်တတ်တော့မယ်နော်မနှင်း"

"အေးအေး"
ရတုအားကလေးလေးတစ်ယောက်လို ဂရုစိုက်နေသော စိုင်းအား နှင်းပြုံး၍သာကြည့်နေမိသည်။

_______________________

"ကျွန်တော် အရာရာအတွက်ကျေးဇူးတင်ပါတယ်။ သခင်မကြီး ဟောဒီက နှင်းကိုလဲ မြေးအရင်းလေးတစ်ယောက်လို ဆက်ဆံပေးပြီး ချစ်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ် "

"ရပါတယ် မလိုပါဘူးကွယ်။ ခုလိုမင်းဘက်က ငါတို့ကိုခွင့်လွှတ်ပေးတာနဲ့တင် ငါကကျေးဇူးတင်ရမှာ......
အရာရာအားလုံး ငါသာ အတ္တမကြီးခဲ့ရင် ခုလိုဖြစ်မှာတောင်မဟုတ်ဖူး ငြိမ်းချမ်းနေမှာ "

"အဲ့လိုတော့ဘယ်ဟုတ်ပါ့မလဲဗျာ။ မိခင်တစ်ယောက်အနေနဲ့ကိုယ့်သားကိုကိုယ် အမြင့်ဆုံးမှာပဲ ထားချင်တာလေ သခင်မကြီး ဆုံးဖြတ်တာမမှားပါဘူး။

Can't Lie (Unicode & Zawgyi)Where stories live. Discover now