"မလှုပ်နဲ့!" စုပေလှုပ်လာတာကိုမြင်တော့ ကောင်ငယ်လေးက သူမကိုချုပ်ပြီး စုပေဖယ်ထားရတဲ့ "လေးလံလှတဲ့တောင်ကြီး"ကို ပြန်ဖိချလိုက်ပြန်တယ်။ အဲ့နောက်သူက သူမကိုခုနလေးတင်မှ ရှာတွေထားတဲ့ စစ်တပ်ကုတ်အကျီကို ခြုံပေးပြီး အကျီလက်စတွေကိုတော့ စောင်အောက်ထဲထိုးသိပ်ထည့်ပေးလိုက်တယ်။

"သက်သာသွားပြီလား? နေလို့မကောင်းတဲ့နေရာရှိလား?"

စုပေကောင်လေးကို ကြောင်တက်တက်ကြည့်ရင်း ခေါင်းကိုခါရမ်းပြီး သေးငယ်ခြောက်ကပ်နေတဲ့အသံလေးနဲ့ ပြောလိုက်တယ် "ငါ ရေသောက်ချင်တယ်"

ခဏလေးအတွင်းမှာ ဆယ်ကျော်သက်ကောင်လေးက ရေတစ်ခွက်ယူလာပေးပြီး စုပေကိုတင်းတင်းကျပ်ကျပ်ဖက်ကာ အိပ်ရာပေါ်ထိုင်နိုင်အောင်လို့ ကူပေးပြီး ရေခွက်ကို ပါးစပ်နားတေ့ပေးလိုက်တယ်။

စုပေခေါင်းငုံ့ပြီးရေသောက်နေရင်း သူမပျောက်ဆုံးသွားပြီလို့ထင်ခဲ့တဲ့ ပျော်ရွှင်မှုလေးပြန်ရောက်လာသလို ခံစားလိုက်ရတယ်။ သူမကိုကြည့်နေတုန်းမှာပဲ သူ့ရဲ့နှလုံးသားထဲမှာ တထင့်ထင့်ဖြစ်နေတဲ့ခံစားချက်တွေ ပွင့်ထွက်ကုန်တော့တယ် "နင်ရူးနေတာလား? ငါမရှိတုန်း လူတွေကို ရန်မစပါနဲ့လို့ နင့်ကိုအတန်တန်ပြောထားရက်နဲ့ နားကိုမထောင်ဘူး၊ ရူးကြောင်ကြောင်နဲ့ သွားစတုန်းဘဲ အရမ်းကောင်းတယ်!"

ဆယ်ကျော်သက်ကောင်လေးကို မှီကာထိုကောင်လေးကိုယ်ပေါ်က ဆပ်ပြာနံ့သင်းသင်းလေးကို ရှုရှိုက်ရင်း ဒါက အိမ်မက်တစ်ခုမဟုတ်ဘူးဆိုတာ နောက်ဆုံးစုပေယုံကြည်သွားတော့တယ်။

ကောင်လေးရဲ့ ပြင်းပြင်းထန်ထန်အပြစ်တင်မှုတွေကိုနားထောင်ရင်း စုပေနှာခေါင်းက ရှုံ့ပွပွဖြစ်လာပြီး အကျယ်ကြီးအော်ငိုချလိုက်တော့တယ်။

"ဝူး... စုရှောင်ပေါင်!" သူမမျက်လုံးထဲက မျက်ရည်တွေအတားအဆီးမရှိကျဆင်းလာတယ်။

စုပေက ရုတ်တရက်ကြီးထငိုလိုက်တော့ 'စုရှောင်ပေါင်'ဆိုတဲ့ကောင်လေး လန့်ဖြန့်သွားတယ် "ငါဘာမှတောင် မပြောရသေးဘူး၊ နင်ကဘာလို့ လာငိုနေတာလဲ?"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now