အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း

Start from the beginning
                                    

"ဘာလဲ...သေရည်လား ဘာအမျိုးအစားလဲ...ဘယ်မှာလဲ"

သခင်လေး စကားကြောင့် ယွီလေးမျက်နှာ ရှုံ့မဲ့သွားရသည်။

"သခင်လေးကလည်း အားနေ ဒီသေရည်ပဲ စဉ်းစားနေတာ...သေရည် မဟုတ်ပါဘူး...တခြားဟာ"

သေရည် မဟုတ်သောကြောင့် ရီဟွားစိတ်မဝင်စားတော့။

"အဲဒါဆို ဘာလဲ...ပေး"

ရီဟွား လက်ဖြန့်ကာ တောင်းလိုက်သည်။

"နောက်မှ ပေးမယ် သခင်လေး"

"ခု ပေးလို့ မရဘူးလား"

"မရဘူး"

"အဲဒါဆိုလည်း ထားလိုက်တော့"

အရာရာပြည့်စုံနေသော သူ့အနေဖြင့် အရမ်းလိုချင်သည့်ပစ္စည်း မရှိသောကြောင့် ရီဟွား ဆက်မေးမနေတော့။ ခုချိန် သူ ခေါင်းကိုက်နေရသည့် ကိစ္စအား ဖြေရှင်းမရနိုင်သေးသောကြောင့် ယွီလေးနှင့်လည်း ဆက်ငြင်းမနေချင်ပေ။

"သခင်လေး အိမ်ပြင်မှာပဲ ကြာကြာမနေနဲ့လေ...သခင်လေးက ဖျားနာတတ်တာနဲ့ အပြင်လေတွေ အရမ်းတိုက်နေတာ ဖျားလိမ့်မယ်"

ယွီလေးအသံသည် စနောက်နေခြင်းမျိုး မဟုတ်ဘဲ တကယ်စိုးရိမ်နေမှန်း သိသာသောကြောင့် ရီဟွား ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။

"အင်း အိမ်ထဲဝင်တော့မယ်"

သူ ထိုနေရာမှ လှည့်ထွက်လာသည်နှင့် ယွီလေးသည်လည်း သူ့နောက်မှ လိုက်၍ အိမ်ထဲဝင်လာတော့သည်။ သေချာပေါက် လွန်ခဲ့သော ရက်ပိုင်းအတွင်းက တိတ်ဆိတ်နေခဲ့သော အိမ်တော်သည်
ဒီနေ့မှစ၍ မိသားစုသဖွယ်ဖြစ်နေသော ယွီလေးကြောင့် ပြန်၌ ဆူညံကာအသက်ဝင်လာပေတော့မည်။

*********************

ညည့်ဦးယံချိန်.....

ကောင်းကင်၌ လမင်းကြီးသည် ထိန်ထိန်သာ နေသည်။

မင်းကြီး အိပ်ဆောင်ရှိ အစောင့်အရှောက်များသည် သတိမလွတ်ရဘဲ အိပ်ဆောင်အား သေချာစောင့်ကြပ်နေကြသည်။

ရှောင်ကုန်းဇီသည်လည်း အိပ်ဆောင်အပြင်တွင် မင်းကြီး အိပ်မပျော်သေးသောကြောင့် ခိုင်းစရာရှိလျှင် အဆင်သင့်ဖြစ်စေရန် မတ်တပ်ရပ်နေသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now