"ကိုဘုန်း အလုပ်သွားတာ...ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ..."

"ဘာဆိုင်ရမှာလဲ?..ကိုယ်က မင်းယောက်ျာေးလေ...အလုပ်သွားခါနီး ပြင်ဆင်ပေးရမှာပေါ့...
မျက်နှာသွားသစ်ပြီး...အင်္ကျီကြယ်စေ့ လာတပ်ပေး...ပြီးတော့ အောက်ရောက်ရင် ကော်ဖီဖျော်ပေးဦး..
ညကနည်းနည်းများသွားလို့ ခေါင်းကိုက်ချင်နေလို့..."

"ဘာ!!..."

"အရက်သောက်တာ များသွားတာပြောတာ...
ဘာတွေတွေးနေတာလဲ?..အသေးလေး...ဆစာစောစီးစီးကို..."

"ဘာ..ဘာကို တွေးရမှာလဲ?...
ဘာမှမတွေးဘူး.." ဆိုပြီး ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားတဲ့အသေးလေး..

"အဟက်...ဘယ်လိုဟာလေးမှန်းမသိဘူး..."

.......................

"မမြ...ပြည့်လျှံမထသေးဘူးလား..."

"ဟုတ်ကဲ့ သခင်ကြီး...ပြည့်လျှံမထသေးဘူးထင်တယ်...အခုထိတော့ မရောက်သေးဘူး...
ညကတော့ သခင်လေးမူးလာပါတယ်..."

"ဟုတ်လား...ဘာသံတွေကြားသေးလဲ?..."

"ဘာမှမကြားရဘူး...သခင်ကြီး..."

"အင်း..."

"ဖိုးဖိုး...morning.."

*ပြောရင်းဆိုရင်း ထမင်းစားခန်းထဲဝင်လာတဲ့..ထွန်းတောက်တို့၂ယောက်...*

"အင်း.."

"အဖိုး သားအိပ်ယာထနောက်ကျသွားတယ်...
တောင်းပန်ပါတယ် အဖိုး.."

"တစ်ခါတစ်လေပဲဟာ...
ဘာလုပ်နေကြလို့ နောက်ကျတာလဲ?.."

"ဗျာ......"

"အသေးလေး...ကော်ဖီဖျော်ခိုင်းထားတယ်လေ..သွားဖျော်ပေးဦး ခါးခါးလေးနော်..."

"ဟုတ်...အဖိုးရော ဘာလိုသေးလဲဟင်..."

"ဘာမှမလိုတော့ဘူး...ထွန်းတောက်အတွက်သာ လုပ်ပေးလိုက်..."

"ဟုတ်ကဲ့...အဖိုး..."

ပြည့်လျှံထွက်သွားတော့မှ...

"စကားလမ်းကြောင်းလွှဲတယ်နော်..."

"မလွှဲပါဘူး ဖိုးဖိုးရယ်...
ဒီတိုင်းအိပ်ယာထနောက်ကျတာပဲကို..အထူးအဆန်းလုပ်ပြီး ဖိုးဖိုးကမေးနေတာ..."

MY ONLY ONE (completed)Where stories live. Discover now