အပိုင်း-၄၉ (Unicode)

Start from the beginning
                                    

"လာကြလေ။ အဲ့မှာ ဘာရပ်လုပ်နေတာလဲ။"

အိမ်ပေါက်ဝက စိုင်းဝေယံရဲ့ အသံကြားမှ ထက်မာန်ဦးရော လွှမ်းရော စိုင်းဝေယံကို လှည့်ကြည့်မိကြသည်။ စိုင်းဝေယံသည် စောင့်ရတာ စိတ်မရှည်တဲ့ပုံနှင့် မျက်မှောင်ကြီးကကျုံ့လျှက်။ ထိုအခါမှ ထက်မာန်ဦးနှင့် လွှမ်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အိမ်ထဲကို အပြေးဝင်ခဲ့လေသည်။

"ငါတို့အိမ်ကအထဲမှာလည်းအေးတယ်။"

စိုင်းဝေယံပြောတဲ့အတိုင်းပင် စိုင်းဝေယံရဲ့ အိမ်သည် အဲလ်ကွန်းမလိုဘဲ စိမ့်နေအောင် အေးနေလေသည်။ ထိုအခါမှ လွှမ်းကို အိမ်ထဲကို မဖိတ်ခေါ်ခင် ဘာလို့စောင်ကိုအရင်ပစ်ပေးလဲဆိုတာ နားလည်မိတော့သည်။ အိမ်ရဲ့ အောက်ထပ်တစ်ခုလုံးသည် အုတ်နှင့်ကာရံထားပြီး အုတ်ကျိုးရောင် ဆေးကိုပင် သုတ်ထားလေသည်။ ကြမ်းပြင်ကတော့ သမံတလင်းခင်းသည်။ အိမ်ထဲတွင် Flat TV တစ်လုံး မှအပ ကျန်တဲ့ပရိဘောဂအကုန်လုံးသည် ကိုးဆယ်ခုနှစ်အရှေ့က အသုံးအဆောင်ပစ္စည်းတွေပင် ဖြစ်လေသည်။ ထက်မာန်ဦးနှင့် လွှမ်းသည် အိမ်ရှေ့ခန်းမှာ ရှိနေတဲ့ လွတ်ရာ သစ်သားခုံတွေမှာ ဝင်ထိုင်လိုက်သည်။

ထက်မာန်ဦးတို့နှင့် မလှမ်းမကမ်းတွင်တော့ ကြိမ်နှင့် သစ်သားစပ်ထားသော ထိုင်ခုံတစ်လုံးပေါ်မှာ အဘွားအိုတစ်ယောက်ကို တွေ့ရလေသည်။ စွတ်စွတ်ဖြူနေတဲ့ဆံပင်တွေကို အနောက်မှာ ဘီးစပတ်နှင့်ထုံးဖွဲ့ထားလေပြီး သိုးမွှေးအနွေးထည် အနီရောင်လေးနှင့် ခပ်ကုန်းကုန်းလေးထိုင်နေတဲ့ထိုအဘွားအိုသည် အသက်အရွယ်အားဖြင့် အတော်ပင် ကြီးရင့်နေပြီ ဖြစ်ကြောင်းသိသာသည်။ စိုင်းဝေယံအနားကပ်သွားလေတော့ စိုင်းဝေယံရဲ့လက်ကို ထိုအဘွားအိုက လှမ်းဆွဲလေသည်။

"ဘယ်သူတွေလဲကွယ်..။"

"ကျွန်တော့်သူငယ်ချင်းတွေပါ။ "

ကြည့်ရတာ စိုင်းဝေယံရဲ့ အဘွားဖြစ်ပုံရသည်။ စိုင်းဝေယံနှင့် သူ့အဘွား တတွတ်တွတ်နှင့် စကားပြောနေချိန်တွင် ထက်မာန်ဦးကတော့ အိမ်ရှေ့ခန်းတစ်ခုလုံးကို ကျီးကန်းတောင်းမှောက် မျက်လုံးတွေနှင့် လိုက်ပတ်ကြည့်နေလေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now