အပိုင်း-၄၉ (Unicode)

Start from the beginning
                                    

သူ့့ပုံက မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းကို တွေ့လို့ အံ့သြဝမ်းသာနေတဲ့ပုံမပေါက်ဘဲ သူ့ရှေ့မှောက်ရောက်လာတဲ့ သားကောင်ကို ခုချက်ချင်းဘဲ ကောက်ပြီးဝါးစားတော့မလို အကြည့်မျိုးနှင့်။ လွှမ်းကလည်း စိုင်းဝေယံကို မျက်နှာချင်းမဆိုင်ချင်သလို မျက်နှာကခပ်လွှဲလွှဲ။

"လွှမ်းပါလာတယ်လို့ ငါ မင်းကိုမပြောလိုက်ရဘူး။ဖုန်းအားကလည်း ကုန်သွားတာနဲ့။"

စိုင်းဝေယံကို ကြည့်ပြီး ထက်မာန်ဦးမှာ အိညှက်ညှက်အသံလေးနှင့်သာ ပြောနိုင်တော့သည်။ သူ့ကိုအားကိုးပါတယ်ဆိုမှ လွှမ်းကို မြင်လိုက်တော့ ဘယ်လိုလုပ်ပြီး ခြံထဲကနေ ခုချက်ချင်း ကန်ထုတ်တော့မယ့် မျက်နှာကြီးနဲ့လဲ။

"ကဲပါ။ကဲပါ။ ငါနောက်မှ မင်းကို အကြောင်းစုံရှင်းပြမယ်။ အခုအိမ်ထဲဝင်ရအောင်။ ပင်ပန်းနေပြီ။ လွှမ်းလည်း အခုအရမ်းချမ်းနေတယ်။"

ထက်မာန်ဦးမှာ စိုင်းဝေယံရဲ့လက်မောင်းကြီးကို ပြေးဖက်ပြီး ကပ်ဖားလျက်ဖားနှင့် ပြောရသည်။ ထက်မာန်ဦးသူ့နားကပ်နေချိန် စိုင်းဝေယံကတော့ လွှမ်းကိုသာ တစ်ချက်လှမ်းကြည့်လေသည်။ လွှမ်းသည် လက်ရှည်ဝတ်ထားသော်လည်း လွှမ်းဝတ်ထားတဲ့ စပို့ရှပ်က သိပ်မထူတဲ့အသားစမျိုးဖြစ်လေသည်။ စိုင်းဝေယံသည်တမဟုတ်ချင်းပင် အိမ်ရှေ့ကွစ်ပျစ်ကြီးပေါ်မှာတင်ထားတဲ့ ချင်းစောင်အကွက်ကြီးကိုယူပြီး ထက်မာန်ဦး လက်ထဲ လာပစ်ထည့်ပေးလေသည်။ ထိုစောင်ကြီးကို ကြည့်ပြီး ထက်မာန်ဦး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပင်

"ဝေလွှမ်းကို ခြုံပေးထားလိုက်။"

စိုင်းဝေယံရဲ့စကားကြောင့် ထက်မာန်ဦး ယောင်နနနှင့် ထိုစောင်ကြီးကို လွှမ်းရဲ့ ပုခုံးပေါ်တင်ပေးနေမိသည်။ စိုင်းဝေယံကတော့ ဖုတ်ဖတ်ခါရင်း အိမ်ထဲကို ဝင်သွားလေသည်။ ဒီစောင်ကို လွှမ်းကိုပေးလိုက်ဆိုတော့ ဘာလဲ။ ဒီကောင်က အိမ်ထဲကို အဝင်မခံတော့ဘူးလား။

မနတ်ကလေးတင် ထက်မာန်ဦးဖုန်းဆက်တော့ အိပ်ချင်မူးတူးကြီးနှင့်ဖြစ်နေတာတောင် သူ့အိမ်လိပ်စာကို လျှောလျှောရှုရှုနှင့် ပေးရလောက်အောင် ထက်မာန်ဦးကို ဝမ်းပန်တသာ ကြိုဆိုနေခဲ့တဲ့ စိုင်းဝေယံက အိမ်ရောက်တော့မှ ဘယ်လိုပစ်ပစ်ခါခါ ဆက်ဆံနေရသလဲ။ထက်မာန်ဦး လွှမ်းကိုယ်ပေါ်ကို စောင်လွှမ်းပေးနေရင်းနှင့် ဒေါသတွေ အတောင့်လိုက်ထွက်လာတဲ့အချိန်မှာပင်

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now