အခုKyungsoo ကြောင်နေတာ သူခုနက ပေါက်တက်ကရတွေအော်နေတာကိုမဟုတ်ဘဲ သူမသိအောင် Kyung လေးကို ရိုက်မယ်လုပ်နေတဲ့ အိမ်သားတွေကြောင့်။ အကုန်လုံးက မျက်နှာတွေပျက်နေကြတာကြောင့် ပိုသေချာသွားသည်။ Kyungsoo ရဲ့ အပြင်ကပျော်လာနဲ့အပျော်က အိမ်ရဲ့အခြေအနေမှာ ပျောက်ပျက်သွားရသည်။

" Kyung လေး!!! "

" ဗျာ "

" ဟို ပါးပါးSoo "

" ဝင်မပါနဲ့ Hanလေး မင်းညီဘက်က cover လုပ်တာများပြီ ဒီတစ်ခါမရဘူး ။ ကဲပြောပါအုံး ရိုက်မယ်အထိ ဖြစ်ရလောက်တဲ့ အကြောင်းအရင်းလေး "

ခုနက Suho လိမ်ဆွဲနေတဲ့လက်ကို အသာဆွဲချကာ Kyungလေးရှေ့သွားကာမေးတော့

" ဟိုလေ ပေါက်စ "

" ကိုကိုလည်း အတူတူပဲ ဘာကိုကူလိမ်ပေးချင်နေတာလဲ ဟမ် ဘာဖြစ်တာလဲ ပြော အခုပြော သူများပြောမှသိရလို့ကတော့ ခွင့်မလွှတ်ဘူးနော် "

" ဖေဖေ ကလည်း ဘာမဟုတဲ့ ကိစ္စလေး... "

" တိတ်စမ်း!!! ဘာကို ဘာမှမဟုတ်တာလဲ ဟမ် ရိုက်မယ်ထိ ဖြစ်နေတာကို ငါ့ကို မုန်လာဥ လာလုပ်နေတာလား Kyungyeol အေး ငါ ဘာပြောထားလဲ အပြစ်လုပ်မယ်ဆိုရင် ငါမသိအောင်လုပ်လို့ ငါသိရင် ခွင့်မလွှတ်ဘူးလို့ပြောထားတယ်မလား "

" အခု ဖေဖေ မှမသိတာ.... ပြီးတော့ သားအကြောင်းဘယ်လောက်သိလို့လဲ "

ထွက်လာတဲ့အသံတိုးတိုးက အကုန်လုံးကြားနိုင်လောက်တဲ့အထိကျယ်သည်။ တစ်စုံတစ်ယောက်ရဲ့ရင်ထဲမှာက ပိုကျယ်လောင်စွာမြည်ဟီးသွားသည်။ အကုန်လုံးကလည်း ကြောင်သွားကြသည်။

" ဘာ "

" သားသား!! "

Kyungsoo ပြောစရာစကားမရှိလောက်အောင်ဖြစ်သွားသည်။ ဘာ လို့ပြောတာတောင် အားမရှိတော့သလိုဖြစ်သွားသည်။ Chan က လှမ်းတားလည်း မမှီတော့ ။

" အော် ကောင်းပြီလေ ငါမသိဘူးဆိုတော့ ကြိုက်သလိုလုပ်ကြပေါ့ ဟုတ်ပြီလား ကျွန်တော်သွားပြီ မေမေ "

" ပေါက်စ "

" Kyungsoo "

" လိုက်မလာနဲ့ ကိုကို ပြီးတော့ မင်းတို့ရော စကားပြောစရာမှမရှိတော့ဘဲ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now