Uni
Chan ရုတ်တရက်ရောက်ချလာတဲ့ပေါက်စ ကို အရမ်းအံ့သြနေသည်။ ပေါက်စ လေးကတကယ်ကို အတည်ပေါက်လိုပြုမူနေတာက တစ်ခုခုဖြစ်နေတာ သေချာသည်။ အရင်တုန်းကဆို လူရှေ့သူရှေ့တကျက်ကျက်ရန်ဖြစ်နေကြ အခုဟာက မဟုတ်သေးပါဘူး ။ Chan အလုပ်တွေသာ ပြီးဖို့လောနေသည်။ ဒါတောင်ပေါက်စက အနားကနေ မုန့်ခွံ့နေလို့အံ့သြနေရသေးသည်။ ပေါက်စ ဆေးမှားသောက်ထားတာ ဒါမှမဟုတ် သူပဲ အလုပ်ပိပြီးတစ်ခုခုဖြစ်နေတာပဲ ဖြစ်ရမည်။(Lol)
Chan အလုပ်တွေအကုန်လက်စသတ်ပြီး
" ကျွန်တော်ပြန်တော့မယ် ဒီမှာ ကျွန်တော်ညကျမှပြန်လာတော့မယ် ဖြစ်တယ်မလား "
" အေးအေး ပြန်ပါကွာ ဒီမှာလည်း သိပ်မှမကျန်တော့တာ "
KS က Chan သူ့အဖွဲ့နဲ့စကားပြောနေတုန်း ချိုင့်ဆင့်နေတော့ သော်ကတို့ဘက်က ကောင်လေးတွေက
" ဟာ KS ထားခဲ့လေကွာ မင်းကလည်း မုန့်လေးနည်းနည်းကျန်ခဲ့တာကို အိမ်ပြန်သယ်သွားမလို့လား "
" အကိုတို့က လုပ်ပြီဗျာ စားချင်ယူစားလို့ရတဲ့ဟာကို "
" မသိဘူးလေ မင်းက ကိုကိုခေါ်ပြီးခွံ့နေတော့ငါတို့တိုင်ပတ်နေတာပေါ့ကွ "
" ဟီး အဲ့တာကို ကိုကို မစားရသေးလို့လေ အခုစားလို့ရပြီ "
" အလည်လေး "
" အဲ အဲ့တာဆို ချိုင့်က ထားခဲ့ရမှာပေါ့ "
" ကပ်စီးလေးရယ် ကျွန်တော်တို့ပဲ လာပို့ပေးပါ့မယ် တကယ်ပဲ "
" ဟီးအဲ့တာဆို ကျေးဇူး သွားပြီနော် "
" အေးအေး "
Chan က သူတို့အဖွဲ့နဲ့စကားပြောပြီး ရွာလူကြီးတွေကိုပါ စကားသွားပြောနေတာကြောင့် ဓမ္မာရုံဝင်ပေါက်ကနေ စောင့်ဖို့ဆုံးဖြတ်လိုက်သည်။ KS မြေကြီးပေါ်မှာ ခြေထောက်နဲ့ဟိုခြစ်ဒီခြစ်လုပ်ရင်း Chan ကို စောင့်နေလိုက်သည်။
" ပေါက်စ သွားစို့ "
" ဟုတ် "
လက်ကိုချိတ်တွဲလာတဲ့ပေါက်စ က ဒီနေ့မှ စကားတွေနားထောင်နေသလို