Ch-49

385 44 7
                                    

Uni

×××အောက်ဖော်ပြပါရွာတွေသည် ကျွန်တော့်ရဲ့စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။
______________________________

KS တို့သွားတဲ့ရွာက တနင်္သာရီကမ်းရိုးတန်းနားမှာရှိတဲ့ ရွာလေးတစ်ရွာကိုပါ။ ရေပတ်လယ်ဝိုင်းနေတဲ့ရွာလေးတစ်ရွာဖြစ်တာကြောင့် လှေကိုအားကိုးကာသွားကြရသည်။ လှေပေါ်က လူငယ်လေးတွေကတော့ခရီးထွက်ရတာကိုအရမ်းသဘောကျနေပုံပေါ် တစ်ယောက်တစ်ပေါက်နဲ့စကားလက်စုံကျနေသည်။

" ထွက်လာတော့လည်း ကောင်းသားပဲ ပင်ပန်းနေသမျှ ပျောက်သွားသလိုပဲ "

" ဟုတ်ပ Baek ဆိုကြည့်ပါလား ရွာနဲ့တုန်းက ဘာမှမဆိုင်ဘူး "

" ဟား ဟား ဟုတ်ပ "

" Chen မင်းအဖွားရွာက ငါတို့အလယ်ပိုင်းမှာပဲထင်နေတာ ဒီလိုသွားရမယ်လို့တကယ်ကိုမထင်မိဘူး"

" အစက မင်းတို့ကို ဒီခေါ်ဖို့မဟုတ်ဘူးကွ Kyungsoo ပေါ့သွားချင်တယ်ပြောတာနဲ့ စီစဥ်လိုက်တာ "

အစက သူတို့ကိုပုဂံညောင်ဦးဘက်က ရွာကို ခေါ်သွားဖို့ Chen တွေးခဲ့ပေမဲ့ Kyungsoo က တနင်္သာရီဘက်သွားချင်တယ်ဆိုတာကြောင့် အစီစဥ်ပြောင်းကာ ခေါ်လာရခဲ့သည်။ Chen ရဲ့ ခရီးသွားလုပ်ငန်းတွေမှာလုပ်ဖူးတာကြောင့် လမ်းမသိမှာတွေဘာတွေစိုးရိမ်စရာမလို။ Chen ရဲ့ ဦးလေးက လည်းစိတ်မချတာကြောင့် လမ်းပြအဖြစ်ရော ကားသမားအဖြစ်ရောပါလာသည်။ ရွာရောက်ဖို့ ချောင်းကိုဖြစ်ဖို့လိုတာကြောင့် ကားကို အသိတစ်ယောက်အိမ်မှာထားခဲ့ရသည်။ သူတို့အကုန်လုံး ချောင်းကိုဖြတ်ကာ လာရတာကြောင့် မြင်ကွင်းတွေက အသစ်အဆန်းလိုဖြစ်နေပြီး ပတ်ဝန်းကို စိတ်ဝင်စားနေကျသည်။ ချောင်းဆိုပေမဲ့ မြစ်ထက်အနည်းငယ်သာသေးသည်။ သူတို့အကုန်လုံး ရေထဲကိုလက်ထည့်ကာ တစ်ယောက်နဲ့တစ်ယောက်ရေတွေနဲ့ဆော့ရင်း လိုက်ပါလာကြသည်။

ဟိုရောက်တော့ Chen က ကြိုပြောထားတာကြောင့် လာကြိုနေကြသည်။ သူတို့ကို အိမ်ခေါ်သွားကာ သေချာဧည့်ခံကြသည်။ အိမ်ရောက်တော့ Chen ရဲ့ဒေါ်လေးက Chen ကိုအနားခေါ်ကာ

" လာပါအုံး ငါ့​တူရယ် ထွားလာလိုက်တာ ချောလာလိုက်တာဆိုတာ မင်းသားရှုံးတယ် ကြည့်စမ်းပါအုံး "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now