KS ပြောတာခံလိုက်ရတဲ့ လူကြီးကတော့ ရှုးရှုးရှဲရှဲဖြစ်ကာ ထွက်သွားတော့တယ်။ သူ့ခဗျာ ဒေါသထွက်ပေမဲ့ ဘာမှမလုပ်နိုင်သလို၊ဘာမှလည်းမပြောနိုင်ပဲ ထွက်သွားလေသည်။ KS မိဘတွေနဲ့ Chan ကတော့ ကျန်နေခဲ့တဲ့ လူကြီးတွေကိုတောင်းပန်ကာ ပြန်လွှတ်လိုက်ရတော့တယ်။ ပြသာနာအစအဆုံးသိတဲ့လူကြီးတွေကတော့ KS ကို အပြစ်မမြင်ကြပဲ KS ရဲ့ပြောစကားတွေကြောင့်ရယ်မောကာပြန်သွားကြသလို တစ်ချို့ကြတော့ KS ရဲ့အပြုအမူတွေ မကြိုက်ပေ။ ဘယ်သူတွေဘယ်လိုပဲ ပြောနေကြပါစေ KS တို့ကတော့ ဘယ်သူ့မှဂရုမစိုက်ကာ လူကြီးတွေကိုကျွေးမွေးဧည့်ခံထားတဲ့မုန့်တွေကို ထိုင်စားနေတာ အေးအေးလူလူ ။
Chan : " အေးပါ ပေါက်စ ရာ ။ မင်းပဲနားအေးတယ် "
မုန့်တွေထိုင်စားနေတဲ့ KS ကိုကြည့်ကာပြောတော့အနားမှာရှိနေတဲ့Kaiက
Kai : " yoda မင်းတော့ ကလေးကိုမှ ယောင်္ကျား တော်မိပြီ 😂😂 "
Chan : " တော်စမ်းပါ ဂျုံမဲ ရာ။ ညစ်နေတာနော် ။ ပေါက်စ ကို ဘယ်ကနေဘယ်လို စ,ထိန်းရမှန်းကိုမသိရတဲ့အထဲ "
Kai : " သူက မင်းစကားဆို နားထောင်ပါတယ်။ "
Chan : " သူလား အပိုတွေပါကွာ။ ဘယ်လိုကန့်လန့်တ်ုက်ရမလဲပဲ စဥ်းစားနေတာများ "
Kai : " အေးပါကွာ။ တဖြည်းဖြည်းတော့ အသားကျသွားမှာပါ။ "
Chan : " မျှော်လင့်ရတာပဲ "
Suho : " သားchan "
Chan : " ဗျာ ဒေါ်လေး။ ဘာပြောမလို့လဲဗျ "
Suho : " အမေ လို့ပဲ ခေါ်ပါသားရဲ့ ။ သားငယ်လေးအကြောင်းပဲပေါ့။ သားကပဲ သူ့ကိုနားလည်ပေးပါကွယ်။ အခုလိုဖြစ်သွားတာတွေကိုလဲ သားကိုအားနာလို့မဆုံးဘူး "
Chan : " အမေ ကလည်း အားနာစရာမှမဟုတ်တာ။ ပြီးတော့ သူဘာလုပ်လုပ် ကျွန်တော် ဘယ်တုန်းက စိတ်ဆိုးဖူးလို့လဲ "
Suho : " အဲ့တာဆို အမေတို့ပြန်တော့မယ် သား။ သားအဖေလည်း ပြန်နားမှရတော့မယ်။ "
Chan : " ဟုတ် အမေ ။ ကျွန်တော်ပြန်လိုက်ပို့ရမလား "
suho : " နေ နေ သား ။ သားတို့လည်းပင်ပန်းနေမှာပေါ့။ သားတို့လည်း နားတော့ "