Ch-27

401 42 9
                                    

Uni

KS ရွာအရှေ့ပိုင်းအစပင်ရှိသေးသည် ခြေလှမ်းတောင်မလှမ်းရသေး ရွာသားတွေက သူ့ကိုမြင်ပြီးပြေးလာကြသည် ။

" ဘယ်သွားနေတာလဲ KS ရယ် ဆရာလေး ဘယ်လောက်တောင်စိတ်ပူနေလဲသိလား "

" ဆရာ Chan မင်းကိုလိုက်ရှာနေတာ နားတောင်မနားရသေးဘူး "

" အရမ်းဆိုးတာပဲ KS ရယ် "

လူအုပ်ကြီးက KS ကိုတစ်ယောက်တစ်ပေါက်ပြောနေကြတာကြောင့် မွန်းကြပ်လာရသည်။ သူဘာစကားမှ မပြောချင်တာကြောင့် မချိပြုံးပြုံးက ချိုင့်လေးကိုလက်ကဆွဲလျက်ပြန်လာခဲ့သည်။ သူပြန်လာတာရွာသားတွေကပဲ အယူတယူခေါ်ပြောကြသည်။ အဲ့ထဲမှာ Chen Baek နဲ့ Luhan တို့မပါသလို Chan လည်းမပါပေ။ Kai နဲ့ Sehun ကိုတောင် အရိပ်ပဲမြင်လိုက်ရသည်လေ။ ကြည့်ရတာ သူတို့အကုန်လုံး KS ကိုစိတ်ဆိုးနေတာပဲဖြစ်မည်။ KS လမ်းတစ်လျှောက် သက်ပြင်းတွေချည်းချကာ အိမ်ပြန်လာသည်။ အိမ်ရောက်တော့ ထင်သည့်အတိုင်းပင် သူ့ကိုစူးရဲစွာကြည့်နေသော မေမေ ၊ နောက်ပြီး သူ့ကို စိုးရိမ်နေသောမျက်ဝန်းတွေနဲ့ကြည့်နေတဲ့ အမေ(Chan မေမေကိုပြောချင်တာ)၊ ဖေဖေတို့ကတော့ သူ့ကိုလည်းလှည့်မကြည့် ဘာမှလည်းမပြောဘဲထိုင်နေကြသည်။ ChenBaek Luhan နဲ့ သူ့တို့လူကြီးတွေကလည်း မသိချင်ယောင်ဆောင်နေကြသည်။ ဘယ်သူတွေဘယ်လိုပဲကြည့်နေပါစေ Chan ရဲ့အကြည့်တွေကို သူတကယ်မခံနိုင်ပါ။ ဒါပေမဲ့ Chan သည်လည်း သူ့ကို မင်သေသေ မျက်ဝန်းတွေ နဲ့ ကြည့်နေသည်။ KS တုန်လှုပ်နေပေမဲ့ အသံကိုထိန်းကာ

KS : " နောက်ကျသွားတာတောင်းပန်ပါတယ် "

" ဖြန်း "

" အ့ မေမေ "

မြေပြင်ပေါ်သို့လဲကျသွားတဲ့ KS နာကျင်စွာ မျက်နှာကိုကိုင်လိုက်မိသည်။ ရိုက်လိုက်တဲ့ မေမေ့ ကိုလည်း သူအံ့သြမနေ။ မေမေ ကအမြဲခြေမြန်လက်မြန်ရှိတက်သည်။ အမေကတော့ စိတ်ပူသွားဟန်ရှိသည်။KS လဲနေရာကထရပ်လိုက်သည်။ ဘာပဲပြောပြော သူကိုယ်၌က အပြစ်ရှိနေသည်မလား။

Suho : " ဘယ်တော့မှ နင့်လုပ်ရပ်တွေကို ရပ်တန်းက ရပ်မှာလဲ ဟမ်။ ငါတို့ကိုဘယ်အချိန်ထိ ရောဂါတိုးအောင်လုပ်နေမှာလဲ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now