Ch-18

427 50 6
                                    

Uni

KS : " ငါနောက်ဆုံးမေးမယ် ပြန် ပေးမှာ လား မ ပေး ဘူး လား "

KS စကားတစ်လုံးချင်းဆီပြောလိုက်တာက သူတို့အနီးတစ်ဝိုက်မှာရှိတဲ့လေတွေက အေးလာသလို။ KS ရဲ့မျက်နှာကလည်း အေးစက်စွာ။ KS ရဲ့ခန္ဓာကိုယ်ကနေအအေးဓာတ်တွေထုတ်လွှင့်နေသလို။ အကုန်လုံးကလည်းအတောင့်လိုက်ရပ်နေမိကြသည်။ Seyong လည်းလန့်သွားပေမဲ့ ဟန်ကိုယ်ဖို့ကာ

Seyong : " မပေးနိုင်ဘူး မင်းလိုချင်တယ်မလား လာယူလေ "

KS : " မင်းအရင်စတာနော် "

Seyong : " ဟက် သူတို့ကိုသာ အရင်ဆုံးနိုင်အောင်တိုက်လိုက်ပါအုံး "

" ကျား ချကွာ "

" ဒုတ် ဖြောင်း ခွပ် အား "

KSပထမဆုံးဝင်လာတဲ့လူကို သူ့ကိုရိုက်ဖို့ဒုတ်နဲ့ လက်ပြန်ရိုက်လိုက်သည်။နောက်တော့လက်သီးတစ်လုံးပစ်သွင်းကာ လောကကြီးအားခနမေ့စေလိုက်သည်။ အားပါသွားတာရော အစကတည်းကဆွေးနေတဲ့တုတ်ဖြစ်တာကြောင့် ထပ်ပိုင်းကျိုးသွားသည်။ တုတ်ကြိုးသွားတာမြင်တာကြောင့် အကုန်လုံးနောက်ကိုနဲနဲစုတ်သွားသည်။ ဒါပေမဲ့ 5 ယောက်လောက် ဝိုင်းလာကာ သူ့ကိုရိုက်ပြန်သည်။ ဒီတစ်ခါတော့ ကိုင်လာတဲ့တုတ်တွေကို ခြေထောက်နဲ့ချည်းဖြတ်ကန်ပြစ်လိုက်သည်။ ထပ်ပိုင်းကျိုးကာအကုန်လုံးလဲကျသွားသည်။ လဲကျသွားတဲ့သူတွေကို ကျိုးနေတဲ့တုတ်နဲ့သိပ်လိုက်သည်။ ခနလောက်တော့ အိပ်ပျော်နေမည်မှာအမှန်။ လူက ၁၀ ယောက်တောင်မပြည့်ချင်တော့တာကြောင့် အကုန်လုံးကို တုတ်နဲ့ပဲအပြတ်ရှင်းပစ်လိုက်သည်။ တောသားဖြစ်တာကြောင့်ရော ဗလပဲရှိပြီး ဇ မရှိတဲ့ကောင်တွေဖြစ်တာကြောင့်ခနလေးနဲ့လဲကျသွားတာမဆန်း။ KS က မြို့မှာChenBaekတို့နဲ့စနစ်တကျသင်ယူထားတဲ့သူ အဲ့လောက်လေးနဲ့တော့တက်မလာနဲ့အကုန်တောက်ချပစ်လို့ရသည်။ နောက်ဆုံးတော့ Seyong နဲ့သူသာ ကျန်တော့သည်။ အကုန်လုံးကမြေကြီးပေါ်မှာလဲကျလျက်

KS : " မင်းနောက်ထပ်အဲ့လို ဇ မရှိတဲ့သူတွေခေါ်မလာနဲ့ ပျင်းဖို့ကောင်းတယ် ။ ငါ့ချိုင့်ပြန်ပေး "

Seyong : " ဟက် ဒီမှာကြည့် "

ဆိုကာ KS ရဲ့ ချိုင့်ကိုဖွင့်ကာအကုန်သွန်ပစ်သည်။ နောက်တော့ ချိုင့်ကိုအောက်ချကာခြေထောက်နဲ့ပိန်အောင်ကန်နေသေးသည်။ KS ရဲ့သည်းခံနိုင်တဲ့ limit ကိုကျော်သွားလေပြီ။ KS Seyong ကိုစိတ်မထိန်းနိုင်စွာထိုးတော့သည်။ Seyong ခမျာ KS လုပ်သမျှကိုသာခံနေရပြီး ဘာမှပြန်မလုပ်နိုင်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now