Ch-40

400 42 6
                                    

Uni

" ဘယ်တူမှမရှိဘူးလား တံခါးဖွင့်လို့ တံခါးဖွင့်လို့ပြောနေတာမကြားဘူးလား ဘယ်ရောက်နေကြလဲ အေ့ "

KS တစ်ယောက်မူးပြီး ခြံစည်းရိုးကိုတံခါးမှတ်ကာ ဇွတ်ဖွင့်ခိုင်းနေသည်။

" ပေါက်စ အဲ့တာတံခါးမဟုတ်ဘူး ပေါက်စ ဒီဘက်မှာ ဒီဘက်မှာ တံခါးက "

" အဲ့တာကို ကြောကြောစောလေ တကယ်ပဲ မူးနေတာလား လူကြီးက ဖယ် "

Chan သူ့ကိုဝင်တိုက်ကာ ခြံတံခါးဘက်ဟးယိုင်တိုင်တိုင်နဲ့ထွက်သွားတဲ့ပေါက်စကိုကြည့်ပြီး သက်ပြင်းချမိသည်။ ဒါနဲ့စောနက ပြောသွားတဲ့ ကြောကြောစောဆိုတဲ့စကားကိုနားမလည်တာတော့အမှန်။ ဘာတဲ့ကိုယ့်ကိုတောင် မူးနေလာဆိုပဲ ။ လမ်းတစ်လျှောက်လုံး စကားနဲ့ရစ်လာပေမဲ့ အိမ်ရောက်ခါမှ ခြံစည်းရိုးကို ခြံတံခါးလို့ရစ်လို့ရစ်။ အခုလည်းကြည့်အုံး

" လူကြီး ခြံတံခါးက ဘာလို့အပေါက်ကြီးဖြစ်နေတာလဲဟင် လူကြီး ဟင် လို့ လူကြီးမေးနေတယ်လေ "

" ပေါက်စဘာတွေမေးနေတာလဲကွာ"

" မသိလို့မေးတာကို လူကြီးက ငြိုငြင်တာလား "

အိမ်ပေါ်ကနေကြည့်နေတဲ့ မေမေတို့ကတော့ ရီနေကြသည်။ KS ထန်းရည်သောက်လာတာကို စိတ်မဆိုးတဲ့အပြင် ချစ်စရာကလေးလေးကြည့်သလိုကြည့်နေတော့ ဒီကောင်က ဆူမရခြောက်မရ။

" မဟုတ်ရပါဘူးကွာ ကိုယ်က ပေါက်စကို ဘယ်လောက်တောင်ချစ်လဲ "

" ဟွင့် အပိုတွေ "

" ဟမ် ပေါက်စ ဘာပြောတယ် "

Chanက ချစ်တယ်ပြောတော့ KS ဆီကကနေ အပိုတွေဟုခပ်တိုးတိုးအသံထွက်သွားတော့ Chan ကမကြားတော့ ပြန်မေးသည်။

" ဘာပြောလို့ ဘာတွေကြားနေတာလဲ ဒီလူကြီးတော့ အဖိုးကြီးဖြစ်နေပြီထင်တယ် "

" ဟား ဟား ဟား "

ခြံထဲက ကွပ်ပျစ်ပေါ်မှာ KS ထိုင်ကာရစ်နေတာကြောင့် အလုပ်သမားတွေလည်းရှိနေသေးသည်။ကြည့်ရတာသူတို့နှစ်ယောက်ပြန်မရောက်သေးလို့စောင့်နေကြသည့်ပုံ။ အိမ်ပေါ်က မေမေနဲ့ဖေဖေတို့ရော အိမ်အောက်က အလုပ်သမားတွေပါ KS ပြောတာကိုကြားပြီ ရယ်နေသည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now