"...."
အနားကို တဖြည်းဖြည်းကပ်လာတဲ့ ထက်မာန်ဦးရဲ့ ခြေသံတွေကို တီဗွီထဲမှာ စစ်သေနတ်သံ တဒက်ဒက်က ဖုံးလွှမ်းထားလေဆဲဖြစ်လေသည်။ ထိုတီဗွီထဲက အသံတွေ ဖုံးကာထားလို့မရလောက်တဲ့အထိ ထက်မာန်ဦးရဲ့ ခြေသံတွေက ပြင်းပြီး အနားကပ်လာတော့မှ စိုင်းဝေယံသည် ထက်မာန်ဦးကိူမော့ကြည့်လာလေသည်။ မျက်ဝန်းကျဉ်းကျဉ်းလေးတွေသည် ထက်မာန်ဦးငုံ့ကြည့်တာနှင့် ရင်ဆိုင်လိုက်ရတော့ ၀ိုင်းစက်သွားလေတော့သည်။ သို့သော် ထိုပြူးကျယ်လာတဲ့ မျက်ဝန်းတွေ တချက်တည်းနှင့် ပိတ်သွားလောက်အောင် ထက်မာန်ဦးရဲ့ လက်စောင်းက ထက်လှသည်။
"ဖြောင်း!"
လည်ဂုတ်ကိုအသားလွတ် ရိုက်ချခံလိုက်ရတာမို့ စိုင်းဝေယံသည် ထအော်လေတော့သည်။
"မင်းဒီဆယ်နှစ်လုံး ဘာလုပ်နေလဲ။ ဟမ်။ ဘာလုပ်နေခဲ့လဲ။"
"အား!မရိုက်နဲ့တော့။"
"ဟမ်။ ငါ့ကိုပြောသွားတုန်းက လေတစ်လုံးမိုးတစ်လုံး သောက်ကြီးသောက်ကျယ်တွေ ပြောသွားပြီးတော့ အခုမင်းက လွှမ်းနားမှာ ဒီဆယ်နှစ်လုံး ဘာလုပ်နေခဲ့တာလဲလို့!!!"
ထက်မာန်ဦးသည် စိုင်းဝေယံလက်ကာပြနေတာကိုပင် မရမက စိုင်းဝေယံကို လိုက်ပြီး တအုန်းအုန်း ရိုက်နေတော့သည်။ စိုင်းဝေယံမှာ ရပ်ကွက်ထဲက အဒေါ်ကြီးတွေ ဆိုးတဲ့ကလေးကို ဆုံးမသလိုမျိုး ထက်မာန်ဦး လက်စာမိနေလေတော့သည်။
"မင်း..မင်း..။ငါ့ကိုဘာတွေပြော။"
"သောက်သုံးမကျတဲ့ကောင်။ နည်းနည်းမှကို အသုံးမကျဘူး။ မင်းပြိုင်ရမှာ ငါမဟုတ်ဘူး။ ဟိုဘိုးတော်ဆိုတဲ့ အကောင်ကို။အဲ့ဘိုးတော်ဆိုတဲ့ အကောင်လက်ကနေ မင်းမရမက ဆွဲထုတ်ရမှာ။"
"ဘယ်..ဘယ်ကဘိုးတော်။"
"မင်းခြေထောက်ထိတာလား။ ဦးနှောက်ထိသွားတာလား။ ဟမ်။"
အူတူတူ လုပ်ပြနေတဲ့ စိုင်းဝေယံကို ထက်မာန်ဦး ပိုပြီး အသည်းတွေ အူတွေထဲကနေ လိူက်ပြီး ယားလာရသည်။ စိုင်းဝေယံသည် ထက်မာန်ဦး အချက်ပေါင်းမြောက်မြားစွာ လက်ဝါးစောင်းစာ ကျွေးပြီးတာတောင် အခုထိ မျက်လုံးလေး ပေကလပ်ကလပ် လုပ်နေဆဲ။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...
အပိုင်း-၄၇ (Unicode)
Start from the beginning