အပိုင်း-၄၆ (Unicode)

Start from the beginning
                                    

မင်းဉာဏ်မှာ တစ်ယောက်တည်း စကားပြောနေရတာ အရူးကြီးနှယ်။ ဝေရဲ့ မျက်နှာလွှဲထားပုံသည် အပိုစကား ပြောလိုဟန်မရှိ။ စကားနည်းသော ဝေ့ကို မင်းဉာဏ်ကဘဲ ခွင့်လွှတ်ပေးရပါလိမ့်မည်။

ဝေပေါင်ပေါ်မှာ ဖတ်လက်စ စာအုပ်တစ်အုပ်ကိုတွေ့လိုက်ရသည်။ မင်းဉာဏ် ကြည့်လိုက်တော့ ဆရာမကြည်အေးရဲ့ မောင်၊ ကိုကိုနဲ့ မြနန္ဒာစာအုပ်။

"ဝေက စာဖတ်နေတာလား။"

"အင်း..။"

ဒီတစ်ကြိမ်တော့ ဝေထံမှ အသံခပ်တိုးတိုးက မင်းဉာဏ်ကို အားတက်သွားစေသည်။

"ကိုယ်ဖတ်ပြမယ်လေ။ ဝေမျက်စိညောင်းနေမယ်။ နားနားနေနေ နေစမ်းပါ။"

ဝေ့ပေါင်ပေါ်က စာအုပ်သည် မင်းဉာဏ်ရဲ့လက်ထဲ ရောက်သွားလေသည်။ ပြီးတော့ ဝေညှပ်ထားတဲ့ စာရွက်ခေါက်လေးကိုတွေ့တော့ မင်းဉာဏ်ပြုံးမိသည်။ စာအုပ်တွေကို ခေါက်တာ ချိုးတာ သဘောမကျတဲ့ ဝေ သည် သူ့စာရွက်တွေမှာ ဘွတ်ခ်မက်ခ်လေးတွေ ရှိစမြဲ။ အခုလည်း တွေ့ရာ စက္ကူစာရွက်စုတ်လေးနဲ့ အဖြစ်သဘောလောက်လုပ်ထားတဲ့ ဘွတ်ခ်မက်ခ်လေးကို တွေ့လိုက်ရလေသည်။

"ကိုယ်ဒီနေရာကနေ စဖတ်ပြရမလား။"

"ရှင်က လူနာကိုုစကားပြောရအောင် သိပ်လုပ်တာဘဲ။ သူအသံအရမ်းထွက်လို့မရပါဘူးဆိုနေမှ။"

ဒီတစ်ခါတွင်တော့ သူနာပြုဆရာမလေးက မင်းဉာဏ်ကို လှမ်းဟောက်လေပြီ။ ဟုတ်သားဘဲ။ ဝေက စကားသေချာမှပြောလို့မရသေးတာ။ ဒါဆိုစကားမပြောလိုတာ မဟုတ်ဘဲ မင်းဉာဏ်ကိုပြန်စကားပြောဖို့ အခွင့်မသာတာဘဲ လို့ သတ်မှတ်ရပေမည်။

မင်းဉာဏ်ပြုံးလိုက်မိပြီး စာဖတ်ပြဖို့ လုပ်လိုက်ပေမယ့် ဝေက ချက်ချင်းဘဲ ကုတင်ပေါ်လှဲအိပ်ချလိုက်ပြီး မင်းဉာဏ်နှင့် ဆန့်ကျင်ဘက်သို့ စောင်းလှဲချလိုက်လေသည်။ ထိုအမူအရာသည် မင်းဉာဏ်နှင့် စကားဆက်မပြောချင်သည့် အချိန်တိုင်း ဝေ လုပ်နေကျ အပြုအမူပင် ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်က မင်းဉာဏ်လာသည့်အခါတိုင်း ဝေသည် ထိုသို့ ပြုမူလေ့ရှိသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now