အပိုင်း-၄၆ (Unicode)

Start from the beginning
                                    

ဝေသည် မလှမ်းမကမ်းက သူနာပြုဆရာမလေးကို လှမ်းကြည့်လေသည်။ ဝေ့ရဲ့အခြေအနေမှန်သမျှကို ဝေမပြောဘဲ သိနိုင်ရန်မှာ ထိုသူနာပြုဆရာမလေးသာ ရှိနေလေသည်။ ထိုဆရာမလေးသည် ကိုယ်လေး တစ်ချက်တွန့်ရုံမှအပ သူလုပ်လက်စ အလုပ်ကိုစသာ ဆက်လုပ်လေသည်။ ဝေနားကနေ ထပြီး ထိုဆရာမလေးရှိရာကို ထွက်လာခဲ့မိသည်။ ဝေ့အတွက် ဆန်ပြုတ်ကိုလည်း ပြင်ပေးရင်းပေါ့။

"ဒါကဆရာမအတွက် ရန်ကုန်ကဝယ်လာတဲ့လက်ဆောင်။"

မင်းဉာဏ် တစ်ပါတည်း ယူလာခဲ့တဲ့ အထုပ်ကို ဆရာမလေးနားက စားပွဲပေါ်တင်ပေးလိုက်လေသည်။ ဆရာမလေးက တစ်ချက်မျှကြည့်ပြီး ကျစ်စ်ခနဲ စုတ်သပ်လေသည်။

"ကျွန်မက ရှင့်ကို သနားလို့ ကူညီတာပါရှင်။ အဲ့တာကို ကိုယ်တော်က အစကတည်းက ကြည်တာ မဟုတ်ဘူး။ လက်မခံပါရစေနဲ့။ တော်ကြာ ရှင့်ဆီက လာဘ်လာဘ မျှော်ကိုးပြီး ကူညီပါတယ်လို့ပါ ထင်သွားပါ့မယ်။"

စလင်းဘတ်အိတ်တစ်လုံးနှင့် ရန်ကုန်က ဝယ်လာတဲ့ မုန့်တချို့တို့သည် ဆရာမလေး ကူညီပေးထားတာတွေနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပါ။

"Messenger ကနေရှင်မေးတာ ဖြေပေးရတာလောက်ကတော့ ဘာမှလည်း ခက်ခဲပင်ပန်းတာလည်း မဟုတ်ဘဲနဲ့။ အဲ့အထုပ်ကြီး ပြန်ယူသွား။ ဒါရှင်ဝယ်လာတာလား။ သူခုနကမှ နေ့လည်စာစားထားတာဆိုတော့ ညနေလောက်မှဘဲ ကျွေးလိုက်တော့မယ်။ သွား။သွား။ လူနာနားဘဲသွားထိုင်နေ။"

အတင်းကို နှင်ထုတ်နေတာဖြစ်လို့ မင်းဉာဏ် သူနာပြုဆရာမလေးနားကနေ အသာလေး လစ်ထွက်လာမိသည်။ ဝေက သူ့ကုတင်နားကို တဖြည်းဖြည်း ကပ်လာတဲ့ မင်းဉာဏ်ကို တစ်ချက်မျှသာ ကြည့်ပြီး မျက်နှာပြန်လွှဲသွားလေသည်။

"မျက်နှာလေးတောင် ပြန်ပြည့်လာတာဘဲ။"

သွေးရောင်လွှမ်းနေပြီဖြစ်တဲ့ ဝေ့ပါးပြင်လေးတွေကို ငေးကြည့်ရင်း မင်းဉာဏ် ပြောမိသည်။ ခုနောက်ပိုင်း မင်းဉာဏ်လာတဲ့ အတောအတွင်း ဝေ့ရဲ့ ကျန်းမာရေး တိုးတက်လာမူအပေါ် မင်းဉာဏ် ကျေနပ်အားရဖြစ်နေမိသည်။

"မန္တလေးဆောင်းကအေးသားနော်။ အစ်ကို မနတ်ကအနွေးထည်မပါလာမိတာ စိမ့်နေတာဘဲ။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now