အပိုင်း-၄၅ (Zawgyi)

Magsimula sa umpisa
                                    

"လေပြွန်ထိထားတယ်ကွာ။ လက်နက်ကြီးအစက လည်ပင်းမှာစိုက်တယ်ဆိုလား။"

"မင်းမေလင်။လက်နက်ကြီးအစ လည်ပင်းမှာ စိုက်တာ အခြေအနေကောင်းတာလား။"

နောက်ဆုံးတော့ ဖုန်းထဲကနေကို ထက်မာန်ဦး ပြစ်ပြစ်နှစ်နှစ် ဆဲခံရလေပြီ။ ဒါကိုယ်တွင်းအဂါင်္တွေ ဒဏ်ရထားတာမပါသေးဘူး။ နောက်တစ်ခါထပ်ပြီး ခွဲစိတ်ရဦးမှာလည်း မပြောရသေးဘူး။ ထက်မာန်ဦးကတော့ စိုင်းဝေယံကို စိတ်မပူစေချင်တဲ့ စေတနာနှင့်ပင်။ သိလည်း သူ့အခြေအနေနဲ့ မန္တလေးကို တက်လာရဖို့က ခက်ခက်ခဲခဲနဲ့။

"အခု အဲ့အစက ထုတ်လိုက်ပြီလေ။"

"မင်းအခုနေ ငါ့နားမှာရှိရင် မင်းနားရင်းနှစ်ချက်လောက်အုပ်ခံနေရပြီ။သိလား။"

ထက်မာန်ဦး ကိုယ့်ဇက်ပိုး ကိုယ်ပြန်ကိုင်မိသည်။ စကားနဲ့တင် ဂုတ်ကပူထူသွားလေသည်။ မှတ်မှတ်ရရ ဒါစိုင်းဝေယံဆီမှာ ထက်မာန်ဦး ပထမဆုံးကြိမ်းခံရဖူးတာဘဲ။

"မင်း မန္တလေးမှာဘယ်နှရက်လောက်ဆက်ရှိနေဦးမလဲ။"

"မပြောတတ်သေးဘူး။"

ရန်ကုန်က အလုပ်တွေတပုံကြီးကို မြင်ယောင်မိတော့ ထက်မာန်ဦး ခေါင်းကို ကုတ်ကာ မသေမချာပြောမိသည်။ တကယ်တမ်း လွှမ်းနားမှာ ထပ်နေချင်ပါသေးသည်။ အန်တီချောမျက်နှာကို ပြေးမြင်မိတော့လည်း စိတ်က ညစ်ညူးသွားရသည်။ ပိုးစိုးပက်စက် အပြောခံထားရတာ ဆေးရုံကို ထက်မာန်ဦး ထပ်ပြီးသွားရင်တော့ မျက်နှာပြောင်တိုက်ရာကျတော့မည်။

"အေး။ အေး။ ပြီးရော။ ရန်ကုန်ပြန်ရောက်ရင် ဖုန်းဆက်။ ဝေလွှမ်းအခြေအနေလည်း ငါ့ကိုပြောဦး။ ဒီနေ့ ဝေလွှမ်းအကြောင်းကြားလိုက်ရတာကိုက ငါတော့ တော်တော်နေလို့ကောင်းသွားပြီ။ ခုချက်ချင်းတောင် ထခုန်လို့ရပြီလားမသိဘူး။"

"ဒါဆိုလည်း ဒါဘဲ။"

သောက်ပိုပြောလွန်းတဲ့ စိုင်းဝေယံကို အမြင်ကပ်လှစွာနှင့် ထက်မာန်ဦး ဖုန်းကိုအရင်ချပစ်လိုက်သည်။ အခုချက်ချင်း ထခုန်ရင် နောက်တစ်ဖက်ကပါ ထပ်ကျိုးမှာပေါ့။ လောလောဆယ် ထိုဒုက္ခိတ အဆိုးအဆာလေးကို ညှာတာ ထောက်ထားလှစွာဖြင့် ထက်မာန်ဦး ထိုစကားတွေကို ထုတ်ဖော်ပြောမနေတော့။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Tahanan ng mga kuwento. Tumuklas ngayon