Ch 27: Unexpected Mistake

Start from the beginning
                                    

သူစာအချို့ရိုက်နှိပ်ပြီး world channelကိုပို့သည်။ တွေးပြီး သက်တောင့်သက်သာမရှိသလို ခံစားရတာမို့ သူဆက်ပြီး နောက်မတ်ဆေ့ခ်ျကိုရိုက်လိုက်သည်။

Systemက နောက်မတ်ဆေ့ခ်ျပို့ရန် သုံးမိနစ်စောင့်ရမည်ကို အကြောင်းကြားသည်။ ဝူဟန်ယင်းရွေးချယ်စရာမရှိဘဲ စောင့်ကာ ရှောင်ဝူ.နဲ့ XCကိုရွေ့  Love You 59 Seconds နောက်ကိုလိုက်စေသည်။ ထပ်တိုးအနေနဲ့ မတ်ဆေ့ခ်ျကိုရိုက်ကာ သုံးမိနစ်အချိန်ပြည့်သည့်အခါ စာပို့လိုက်သည်။

ဝူဟန်ယင်း စောင့်ရတာစိတ်မရှည်သောကြောင့် အရင်မတ်ဆေ့ခ်ျကို ပြန်သွားရန် Shift + enterကိုနှိပ်သည်။ သူမတ်ဆေ့ခ်ျကိုရောက်တော့ Enterနှိပ်ပြီး world channel တွင် မတ်ဆေ့ခ်ျပို့လိုက်သည်။

သုံးမိနစ်တကယ်ပြည့် မပြည့်မသေချာ ... ထို့ကြောင့်စခရင်က သူ့မတ်ဆေ့ခ်ျအသစ်ကိုကြည့်လိုက်ကာ လုံးဝစွံ့အသွားသည်။

world channelတွင် မတ်ဆေ့ခ်ျပေါ်နေပြီး ထိုစာကြောင်းဘေးမှ နာမည်က ...XC!!!

{World}[ရှောင်ဝူ.]: ရွင်ထုံ-ကျွမ်းရှောင့် Yan Nanကိုလာခဲ့ ...မင်းရဲ့ဟာကိုငါယူခဲ့တာ!

{World}[XC]: မင်း Pkချင်တယ်မလား Yan Nanလာခဲ့ ...ငါ့ရှစ်ဖူကိုကျိန်ဆဲနေတာရပ်လိုက်!

{Team}[ရှောင်ဝူ.]: ရှစ်ဖူ! မကောင်းတော့ဘူး....

ဝူဟန်ယင်းလက်ဖဝါးနဲ့ မျက်နှာကိုပွတ်လျက် ...TLBBရဲ့ ဘေးချင်းကပ်ဖွင့်ထားသော ဂိမ်းဝင်းဒိုးနှစ်ခုကိုကြည့်သည်။ သူ့မျက်နှာကြွက်သားတွေတောင် တွန့်သွားသလို ... Love You 59 Seconds နောက်လိုက်နေတာ ရှောင်ဝူ.နဲ့XC ဂိမ်းဝင်းဒိုးနှစ်ခုလုံးဖွင့်ထားတာဖြစ်သည်။ ဝင်းဒိုးတစ်ခုက team channelကိုကြည့်ပြီးနောက်တစ်ခုက system channelကို ဖွင့်ထားသည်။

သူဒီလိုလုပ်တာက teamမှ Love You 59 Seconds ပို့သောစာတွေကိုကြည့်လို့ရပြီး နောက်တစ်ခုက မြင်းသည်ဓားပြတွေရဲ့ တည်နေရာကိုsystem ကအကြောင်းကြားသောကြောင့်ပင်။

ဒါ့ကြောင့် သူအကောင့်နှစ်ခုကို ရောထွေးသွားရခြင်းပင် ...

World channelက XCရဲ့မတ်ဆေ့ခ်ျကြောင့် ချက်ချင်းပေါက်ကွဲမတတ် legendaryကစားသမားက ဒီလိုပြောတာ တကယ့်ကိုရှားပါးမြင်ကွင်းပဲ ... တကယ့်ကိုရုတ်ရုတ်သဲသဲဖြစ်နေပေမယ့် ဒါကအဓိကပြသာနာမဟုတ်ဘူး!!

Love you 59 seconds (Myanmar translation)Where stories live. Discover now