"ဟေ့...ဒီမှာ မင်းကိုခေါ်နေတာမကြာဘူးလား...ဘယ်လိုအလုပ်သမားလဲ မသိဘူး...
နောင်တစ်ချိန် ငါက ဒီအိမ်ရဲ့အရှင်သခင်မ ဖြစ်လာမှာဟဲ့..."

"ခင်ဗျားဘာသာ အရှင်သခင်မဖြစ်ဖြစ်...အသေသခင်မဖြစ်ဖြစ် ကျွန်တော်စိတ်မဝင်စားဘူး..."

"ဘာပြောတယ်...မင်းအလုပ်ပြုတ်သွားချင်လို့လား..."

"ကျွန်တော်အလုပ်ပြုတ်တာ မပြုတ်တာ...ဒီကအမနဲ့ ဘာမှမဆိုင်ဘူးထင်တယ်.."

"ဘာ!!..."

ထိုအချိန် ခြံရှေ့ကနေ ဟွန်းတီးလာတဲ့ကားတစ်စီး...ဒီတစ်ခါတော့ ဦးပုက ဘယ်ကထွက်လာလဲမသိဘူး..ခြံတံခါးကို ဖွင့်ပေးတယ်..။

ကားလည်းအိမ်ရှေ့ရောက်ရော...ခုနကအမျိုးသမီးက အပြေးသွားကာ ကားနားကိုရပ်နေတယ်...။ ကားပေါ်ကနေ ကိုဘုန်းဆင်းလာပြီး..ခုနအမျိုးသမီးနဲ့ ပွေ့ဖက်နေကြတယ်...။ အိမ်ရှေ့ကြီးမှာတော့ အမြင်မတော်တာတွေမလုပ်သင့်ပါဘူး..။

ကျွန်တော်လည်း...ရေဆက်မလောင်းနေတော့ဘဲ အိမ်ထဲသာဝင်ခဲ့လိုက်တယ်..။ ကိုဘုန်းတို့၂ယောက်ကတော့...ခြံထဲက ခုံတန်းမှာ သွားထိုင်နေကြတယ်...။

ကျွန်တော်အိမ်ထဲရောက်ရောက်ချင်း...ခုံတန်းကို တန်းမြင်နေရတဲ့ ပြတင်းပေါက်ကနေ ချောင်းနေလိုက်တယ်..။

"အမယ်လေး....လွန်းပြည့်လျှံ မင်းမကြည့်နဲ့...
ရှက်စရာကြီး..."

ကျွန်တော်မြင်လိုက်ရတာတော့...ခုံပေါ်မှာထိုင်နေတဲ့ ကိုဘုန်းတို့၂ယောက်ကနမ်းနေကြတယ်...။ နမ်းတာတောင် ရိုးရိုးနမ်းတာမဟုတ်ဘူး..တစ်ယောက်နှုတ်ခမ်းတစ်ယောက်စုပ်နေတာ..တွေးရင်းနဲ့တောင် ကြက်သီးထတယ်...
ကျွန်တော်ဆို ပါးတောင်မနမ်းဖူးဘူး..

"ပြည့်လျှံ...မြေး..ဘာကြည့်နေတာလဲ?..."

"အမယ်လေး..."

"ဘာဖြစ်လို့လဲ?မြေးရဲ့..."ဆိုပြီး..အဖိုးက ကျွန်တော်ချောင်းနေတဲ့နေရာကို ကြည့်ဖို့လာတော့..အဖိုးလက်ကို ချိတ်လိုက်ပြီး...

"ဘာမှမဟုတ်ဘူး အဖိုး...
မကြည့်ပါနဲ့ အဖိုး..
သားနဲ့ဧည့်ခန်းထဲ သွားထိုင်မယ်နော်.."

MY ONLY ONE (completed)Where stories live. Discover now