အမာရွတ်နှင့်လူလတ်ပိုင်းကြီးက အန္တာရယ်ကိုရှောင်လိုက်ပြီးအဲလ်ဗစ် ကနောက်တစ်ကြိမ်ထပ်၍မှော်စာလုံး များရွတ်လိုက်သောအခါတောက်ပ သည့်ငွေရောင်မှော်အခင်းအကျင်း တစ်ခုကသံချပ်ကာနဂါးရဲ့အထက်မှာ ချက်ချင်းပေါ်ပေါက်လာသည်။သံချပ် ကာနဂါးမှာနောက်တစ်ကြိမ်ထပ်ချည် နှောင်ခံလိုက်ရပြန်သည်။နောက်တစ် စက္ကန့်မှာပဲအလင်းရောင်တစ်ချို့ပေါ် ပေါက်လာပြီးသံချပ်ကာနဂါးရဲ့ခေါင်း ထက်မှာစုဝေး၍လှောင်အိမ်တစ်ခုဖြစ် ပေါ်လာကာသံချပ်ကာနဂါးကိုဖမ်းဆီး လိုက်သည်။

သံချပ်ကာနဂါးကပိုပြီးပြင်းထန်သည့် ဟိန်းသံကြီးကိုထုတ်၍သူ့မျက်လုံးသည် လည်းအနက်နှင့်အနီရောင်အလင်းများ တစ်လှည့်ဆီလင်းလာကာရုတ်တရက် ပင်လူတိုင်းသူတို့အောက်ကမြေကြီး တုန်လှုပ်လာသည်ကိုခံစားလိုက်ရသည် မှာကမ္ဘာမြေကြီးတစ်ခုလုံးနှစ်ပိုင်းကွဲ သွားသလိုပင်။သိသာထင်ရှားစွာပင် မြေကြီးကစတင်၍ပင်လယ်သမုဒ္ဒရာ လိုအပေါ်တက်လိုက်အောက်တက် လိုက်ဖြင့်လှိုင်းလုံးကြီးများဖြစ်လာခဲ့သည်။

လီလျိုမှာလည်းသူ့ခြေထောက်အောက် မှပြင်းထန်သည့်လှိုင်းလုံးကြီးများကြောင့် တုန်လှုပ်လာပြီးတည်ငြိမ်စွာမရပ်နိုင်တော့ ပဲဘေးတစ်ဖက်သို့ပစ်လဲကျသွားရသည်။ သို့သော်သူ့ဘေးမှအဲလ်ဗစ်ကအလျင် အမြန်လက်ကိုဆန့်ထုတ်လိုက်ပြီးလီလျို ရဲ့ခါးကိုလှမ်းဖက်လိုက်ကာသူ့ရင်ခွင် ထဲဆွဲသွင်းလိုက်သည်။

ထို့နောက်မှာတော့နောက်တစ်စက္ကန့်မှာ လီလျိုလဲကျတော့မယ့်နေရာတွင်မြေကြီး ထဲမှချွန်ထက်သည့်ဆူးများပေါ်ထွက်လ ာသည်။အကယ်၍အဲလ်ဗစ်သာလီလျိုကို အချိန်ကိုမဆွဲထားခဲ့ဘူးဆိုရင်လီလျိုက ကျိန်းသေပေါက်ထိုဆူးပင်များပေါ်လဲ ကျသွားလိမ့်မည်။ထိုအခြေအနေက ပတ်ဝန်းကျင်တစ်ဝိုက်မှာလည်းဖြစ်ပွား နေပြီးကံကောင်းစွာဖြင့်အဲလ်ဗစ်ကရထား ကိုသူ့မှော်စွမ်းအားဖြင့်အားဖြည့်ပေး ထားသောကြောင့်ပျက်စီးဆုံးရှုံးမှုလုံးဝ မရှိပေ။

လီလျိုရဲ့ခါးကိုပွေ့ဖက်ထားရင်းဖြင့်ပင် အဲလ်ဗစ်ကမှော်စာလုံးများအားနောက် တစ်ကြိမ်ထပ်ရေရွတ်လိုက်ကာတောက် ပသည့်အလင်းရောင်များကမြေကြီး တစ်လျှောက်ပြန့်နှံ့သွားပြီးလူတိုင်းရဲ့ ခြေထောက်အောက်သို့ရောက်သွား သည်မှာမူလကမြေကြီးပေါ်ကဆူးချွန် များအားလုံးမြေကြီးထဲသို့ပြန်ပျော်ဝင် သွားတော့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now