ကျစ်စ်။ နေရခက်လိုက်တာ။
မေမေသည် ထက်မာန်ဦးကိိူတစ်ချက် စိုက်ကြည့်သည်။ ထို့နောက် ဆိုဖာခုံပေါ်က အဝတ်အိတ်ဆီကို မေမေ့ရဲ့ အကြည့်တွေ ရောက်ရှိလို့သွားသည်။ မေမေဘာပြောမလဲလို့ နားစွင့်လိုက်မိ သော်ညားလည်း မေမေက ဘာမှ မပြောဘဲ ဖုန်းလှမ်းဆက်နေတဲ့ ကြီးငယ်ဆီထွက်သွားလေသည်။
ကြီးငယ်နှင့် မေမေစကားပြောနေတဲ့ နေရာက အနည်းငယ် လှမ်းတဲ့ အပြင် နှစ်ယောက်လုံးရဲ့ အသံက တိုးတိတ် လွန်းတာလို့ ထက်မာန်ဦး ဘာမှမကြားလိုက်ရပေ။ မေမေ့ပုံစံက ကြီးငယ်ကို တစ်ခုခု မှာနေတဲ့ပုံရှိသည်။ ထို့နောက် မေမေက ဘုရားခန်းထဲကို ဝင်သွားလေသည်။
"သားငယ်ရေ။ ဒီညကိုးနာရီကားရတယ်။ မန္တလားမင်းကား။ ခုံကတော့ နောက်တန်းတွေဘဲ ရတယ်။"
ဖုန်းလှမ်းဆက်ပြီးတော့ ကြီးငယ်က ထက်မာန်ဦးကို လှမ်းအော်ပြောလေသည်။
"ရတယ်။ ကြီးငယ်။ ဘယ်အတန်းဖြစ်ဖြစ်။"
ပြောရင်း ထက်မာန်ဦး နာရီကိုလှမ်းကြည့်မိသည်။ညခုနှစ်နာရီတောင်ခွဲနေပြီဖြစ်သည်။
"အင်း။ ညကိုးနာရီဆိုတော့ အဝေးပြေးကွင်းက ကားကျပ်မှာဘာညာနဲ့ဆို ခုကတည်းက သွားရင်သွားလိုက်တော့။ ဟိုရောက်ရင် ကောင်တာကို တန်းသွားနော်။ လက်မှတ်ကတော့ ကြီးငယ်ကျိန်းသေပေါက် ချန်ထားခိုင်းတယ်။ ရှစ်နာရီခွဲထိ လက်မှတ်က စောင့်ပေးမယ်တဲ့။ သားနာမည်နဲ့ဘဲ ဘွတ်ခ်ထားတာ။"
"ကျေးဇူး။ကြီးငယ်။အဲ့တာဆို သားသွားပြီနော်။"
ကြီးငယ်ပြုံးသွားတာကို လှစ်ခနဲ တွေ့လိုက်ရလေသည်။ ထက်မာန်ဦး အဝတ်အိတ်ကို ဆွဲပြီး တံခါးဆီကို သွားတော့ ကြီးငယ်ကပါ ထိုင်နေရာက ထရပ်ပြီး အိမ်ရှေ့တံခါးပေါက်ထိ လိုက်ပါလာလေသည်။။ ထက်မာန်ဦး တံခါးဝအပြင် ကိုခြေချလိုက်တဲ့အချိန်မှာဘဲ ကြီးငယ်က လှမ်းခေါ်သည်။
"သားငယ်။"
"အင်း..။"
"ဝေလွှမ်းသတိများပြန်ရခဲ့ရင် ကြီးငယ်နဲ့ မေမေက ဝေလွှမ်းကိုမေးတယ်လို့ ပြောပေးပါနော်။"
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...
အပိုင်း-၄၃ (Unicode)
Start from the beginning