အပိုင်း-၄၃ (Unicode)

Start from the beginning
                                    

"အခုသားဝေလွှမ်းက မန္တလေးကဆေးရုံမှာတဲ့။"

ထက်မာန်ဦးလက်ချောင်းတွေရဲ့ လူပ်ရှားမူသည် ရပ်တန့်လို့သွားသည်။ချက်ချင်း လှည့်ကြည့်လိုက်တော့ ကြီးငယ်ရဲ့ အမြဲလို အပြစ်ကင်းတဲ့ မျက်နှာလေးသည် လိမ်ညာဟန် အလျင်းမရှိ။ ထက်မာန်ဦးချက်ချင်း ထိုင်နေရာမှ ထရပ်လိုက်ပြီး

"ကြီးငယ်တကယ်ပြောတာလား။"

"လိမ်စရာလား။သားငယ်ရယ်။အဲ့တာ..။"

ကြီးငယ်တောင် စကားကို ဆုံးအောင် မပြောနို်င်။ ထက်မာန်ဦးသည် အဝတ်အိတ်တစ်ခုကို ယူလိုက်ပြီး ဗီရိုထဲကို အဝတ်အစားနှစ်စုံသုံးစုံလောက် ပစ်ထည့်နေပြီဖြစ်သည်။

"ဖြည်းဖြည်းလုပ်ပါ။ သားငယ်ရယ်။ ကြီးငယ်ကလည်း သားငယ်သွားကြည့်ဖို့ဘဲ ပြောမလို့ပါ။အခုချက်ချင်း ထသွားမလို့လား။"

ဘယ်နှစ်ရက်ကြာမည်မှန်း မခန့်မှန်းနိုင်သေးတဲ့ ခရီးအတွက် ထက်မာန်ဦး အဝတ်အစားတွေ အသုံးအဆောင်တွေ လိုအပ်မယ်ထင်တာတွေ ထည့်နေရတာနဲ့တင် ကြီးငယ်ကို ဘာမှ ပြန်မပြောနိုင်။

ရင်တွေလည်းခုန်လွန်းလို့ ရူးတော့မလားမသိ။ လွှမ်း။ လွှမ်း။မင်းဆီကို ငါလိုက်လာခဲ့မယ်။

"ကိုယ့်ကားနဲ့ ကိုယ်မသွားပါနဲ့လား။ကြီးငယ် ကားလက်မှတ်ရုံးကိူဖုန်းဆက်ပြီး ကားလက်မှတ်လှမ်းဖြတ်ခိုင်းလိုက်ပါ့မယ်။"

ဒီတစ်ခါတွင်တော့ ကြီးငယ်စကားကိုပြန်ပြီး နာခံဖြစ်တော့သည်။ အခုလို စိတ်လူပ်ရှားပုံမျိုးနဲ့ဆို ဘယ်လိုမျိုးနဲ့မှ ရန်ကုန်နှင့် မန္တလေးကို ဖြောင့်ဖြောင့်ဖြူးဖြူးရောက်နိုင်မယ်မထင်။ ကြီးငယ်ကို တတ်နိုင်သမျှ အစောဆုံးကားနဲ့နော် လို့လှမ်းပြောဖြစ်သေးသည်။ ပြီးတော့ အဝတ်အိတ်ကို ဧည့်ခန်းထဲ ဆိုဖာပေါ်ပစ်တင်ရင်း ဧည့်ခန်းထဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် ကဏာမငြိမ်တော့။ ကြီးငယ်ကတော့ ကားလက်မှတ်ရုံးကို ဖုန်းလှမ်းဆက်နေလေသည်။

ထက်မာန်ဦး ဟိုဒီလမ်းလျှောက်နေတဲံ အချိန် အိပ်ခန်းထဲက မေမေက ထွက်လာလေသည်။ မေမေ့ကို မြင်လိုက်တော့ ထက်မာန်ဦး ခြေလှမ်းတွေက တုံ့နှေးလို့သွားသည်။ ဘာအမှားမှလဲ မလုပ်ထားဘဲနှင့် အပြစ်လုပ်ထားတဲ့ သူလို ထက်မာန်ဦး ခံစားနေမိတုန်းပင်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now