အပိုင်း-၃၈ (Unicode)

Start from the beginning
                                    

"သားတို့ရယ်။ တကူးတကနဲ့ ဝယ်လာကြသေးတယ်။ အဲ့လောက်ကြီး မလိုပါဘူး။"

မေမေသည် စားပွဲပေါ်က လက်ဆောင်ခြင်းကြီးကို မြင်တော့ အားနာသွားဟန်ရှိသည်။

"အဲ့လောက်က တီချယ်ကြီး ကျွန်တော်တို့အပေါ် ကူညီပေးခဲ့တာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။"

စိုင်းဝေယံစကားပြောညက်သားလို့ ထက်မာန်ဦး စိတ်ထဲက ချီးကျူးလိုက်မိသည်။

"အေးပါကွယ်။အခုရော အစစအရာရာအဆင်ပြေရဲ့လား။ သားတို့ရှေ့တန်းပြန်တက်ရမယ်လို့တော့ သားငယ်ဆီကကြားတယ်။"

"ပြေပါတယ်။ မနတ်ဖြန်ညနေ ရန်ကုန်ကနေထွက်ရမှာ။"

ငြိမ်နေတဲ့ လွှမ်းဆီမှ ပထမဆုံးအကြိမ် စကားသံထွက်ပေါ်လာလေသည်။

"အေး။ နောက်ထပ်မာစတာရော ဖြေဖို့စိတ်ကူးရှိသေးလား။"

"ဒီတစ်ခါတော့ စာသေချာကြည့်ပြီးမှဘဲ ဖြေတော့မယ်။ တီချယ်ကြီးရေ။ သုံးကြိမ်ဘဲကန့်သတ်ထားတာဆိုတော့။"

စိုင်းဝေယံက သူ့အကျင့်အတိုင်း အရယ်တပိုင်းနှင့် ပြောလာလေသည်။ ဒီကောင်တွေ စာသေချာမလုပ်ဘဲ ဒီတစ်ကြိမ်ကိုလာဖြေတာလား။ ပြီးမှ နားရင်းကို ပိတ်ရိုက်ပစ်ဦးမည်။ မေမေကတော့ စိုင်းဝေယံရယ်တာကိုကြည့်ပြီး သူပါလိုက်ပြုံးနေလေသည်။

"ဒီတစ်ခါ မာစတာတန်းဝင်ခွင့်လာဖြေရင် တီချယ်ကြီးအိမ်မှာ လာနေလေ။ မြို့ထဲဘက်ဆိုတော့ သွားရလာရ ပိုလွယ်ကူတာပေါ့။"

ထက်မာန်ဦး အံ့သြတကြီးနှင့် မေမေ့ကိုလှည့်ကြည့်လိုက်မိလေသည်။ မေမေ့မျက်နှာလေးသည် ပကတိ ရှင်းသန့်တည်ကြည်နေလျှက်။ မေမေ့ကိုကြည့်ရတာက အသက်အရွယ်ရလာသည်နှင့်အတူ ငယ်ရွယ်စဉ်က စိတ်မာန်ခက်ထန်မူတွေလည်း လျော့ကျသွားဟန်ရှိလေသည်။

"ရပါတယ်။ ကျွန်တော်တို့ကို တပ်က ကျောင်းဆောင်တွေမှာ စီစဉ်ပေးပါတယ်။စစ်ဆေးရုံဘက်က ကျွန်တော်တို့ အသိတွေလည်းရှိတယ်။"

ခပ်အေးအေးထွက်ပေါ်လာတဲ့ အသံပို်င်ရှင်သည် လွှမ်းဆိုတာ လှည့်ကြည့်ရန်ပင် မလိုပါ။ လွှမ်းမျက်နှာသည် ပြုံးခြင်း မဲ့ခြင်း အလျင်းကင်းတဲ့ ခပ်တည်တည် မျက်နှာထားနှင့်သာ။ လွှမ်းကို ငေးကြည့်လာလေတဲ့ မေမေ့မျက်နှာလေးကတော့ အနည်းငယ်မူန်မိူင်းသွားသလားလို့ ထက်မာန်ဦးတွေးထင်လိုက်မိသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now