စာစဉ် ၄၀ ( ၁၁ + ၁၈ )

Start from the beginning
                                    

အဲ…ပန်းပေးတာ..ရုပ်ရှင်ကြည့်ဖို့  ခေါ်တာ…ဖယောင်းတိုင်ထွန်းထားတဲ့ ရိုဆန်ဆန်ညစာစားပွဲကိုပါ ပြင်ထားတာ…ဒါတွေအကုန်လုံး…ငါကချည်းပဲ အရင်လုပ်ခဲ့မိသလိုပဲ..

ကောင်လေးဘက်က လုပ်ရမဲ့အရာတွေကို ငါ အကုန် ၀င်လုပ်ထားမိတာ ပါလား…

ဒါဆို…

“ကျွန်မ မသိတော့ဘူး…”
ရီဝမ်ဝမ် တိုးတိုးလေးပြောလာသည် ။

ဟိုးအစတုန်းက သူမသည် မကောင်းဆိုးဝါးနတ်ဆိုးကြီးဆီကနေ
မျက်နှာသာ ရဖို့ ရာအတွက် ရသမျှနည်းလမ်းအကုန် ထုတ်သုံးခဲ့ခြင်း ဖြစ်၏ ။
ဘယ်လောက်တောင် ဆိုးဝါးလိုက်လေသနည်း ။

စီရီဟန်သည် သူမလေး၏မရွှင်မပျဖြစ်သွားသည့်မျက်နှာလေးကို မြင်လိုက်ပြီး သူ့ မျက်လုံးအိမ်ထဲတွင် ၀မ်းသာကြည်နူးမှုအရိပ်အယောင်တို့  ဖြတ်ပြေးလာကာ သူမလေးဆီ ငုံ့ မိုးကျလာ၏ ။ သူမလေးအား နူးညံ့သည့်အနမ်းတစ်ပွင့် ပေးလိုက်ရင်း သူမလေး၏နောက်စေ့ကနေ ဖိကိုင်ထား၏ ။

ရီဝမ်ဝမ် အသက်ရှူရပ်သွားခါနီးမှ နမ်းရှိုက်ခြင်းမှာ ပြီးစီးသွား၏ ။

သူမလေးမှာ သူမလေးနှုတ်ခမ်းသားပေါ်က
သူ့ အသက်ရှူငွေ့ နွေးနွေး ကိုပင် ခံစားနေမိလေသည် ။

“မသိသေးတုန်းလား”

ရီဝမ်ဝမ်သည် သူမအရှေ့မှ ထိုအေးစက်ပြီး ဆွဲဆောင်မှုအပြည့်ရှိ လှသည့် ၊ မတ်လတွင် ဖူးပွင့်ဝေဆာလာသည့် ချယ်ရီပန်းပွင့်များနှယ် လှပလွန်းသည့် သူ့ မျက်နှာအား ငေးကြည့်နေမိသည် ။ ထို့ နောက် အသိပြန်ကပ်ကာ ခေါင်းအတွင်တွင် ခါယမ်းပြလာရင်း…
“မဖြစ်တော့ဘူး၊ မဖြစ်တော့ဘူး၊ လုံးဝ မဖြစ်တော့ဘူး…”

သောက်ကျိုးနဲ…စီရီဟန်ကြီး စိတ်လွတ်သွားတာလား၊ တစ်ခုခုပဲလား ။

လူတွေပြုမူတတ်တဲ့ အပြုအမူတွေပေါ်မှာ စိတ်မ၀င်စားတတ်တဲ့သူ မဟုတ်ဘူးလား ။ သူ တကယ်ကြီး…တကယ်ကြီး… စိတ်ဝင်စားတတ် လာပြီလား ။

သူ့ ဆီမှာက ရုပ်ရည်လည်း ရှိနေပြီးသားဆိုတော့
ကြည့်ရတာ အခုဆို အီးကျူပါ ရှိသွားပြီနဲ့ တူတယ် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now