စာစဉ် ၄၀ ( ၁၁ + ၁၈ )

Start from the beginning
                                    

စီရီဟန်၏လက်ချောင်းတို့သည် ရီဝမ်ဝမ်၏ဆံစတို့ အား သပ်တင်ပေးလာပြီး တိုးတိုးညင်းညင်းလေး မေးလာ၏ ။
“မင်းပြောတော့ ကလေးတွေကို မကြိုက်ဘူးဆို”

ထိုစကားကိုမူ ရီဝမ်ဝမ် ပြန်ဖြေနိုင်ခြင်းမရှိတော့ ။ သို့ သော် တခနလောက်ကြာပြီးနောက် ချက်ကျလက်ကျဖြင့် ပြန်ဖြေလာသည် ။
“အဲ့ဒါက…အဲ့ဒါက မတူဘူးလေ ။ ကျွန်မ ကလေးတွေကို သဘောမကျပေမယ့်လို့  တန်တန်ကကျတော့ ကျွန်မရဲ့သားလေ ။
ကျွန်မ ၀မ်းနဲ့ လွယ်ပြီးတော့ သူ့ ကို မွေးပေးထားရတာ”

စီရီဟန် ။  “…”

ဝမ်ဝမ်…ဟန်ဆောင်တဲ့အထဲ အရမ်းစိတ်နစ်မနေ လွန်းဘူးလား…

ရီဝမ်ဝမ် သက်ပြင်းချလာ၏ ။
“တကယ်တော့ တန်တန်က ရှင်နဲ့ အရမ်းတူလွန်းလို့ 
ရှင့်ရဲ့ တိတ်တိတ်ပုန်း ကလေးများလားလို့  ကျွန်မ သံသယ၀င်မိသေးတယ် ။ ဒါပေမယ့် အခုတော့ ကျွန်မ အတွေးလွန်နေမိတာပဲ”

စီရီဟန် သူမအား ကြည့်လာသည် ။
“ဘာလို့ လဲ”

ရီဝမ်ဝမ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လာ၏ ။
“ဘာလို့လဲဆိုတော့ တန်တန်သာ ရှင့်ရဲ့သား ဆိုရင်
သူ့ ရဲ့အီးကျူက ဒီလောက်ထိ မြင့်စရာအကြောင်း မရှိဘူးလေ”

သူ၏အီးကျူကို အဆတစ်သန်းလောက် စော်ကားခံလိုက်ရသည့် စီရီဟန်  ။  “…”

ရီဝမ်ဝမ်သည် တွေးတောနေပြန်၏ ။
ထို့ နောက် တိုးတိုးလေးဆက်ပြောလာပြန်သည် ။
“အင်း…တန်တန်ရဲ့အီးကျူက ကျွန်မဆီကနေ ပါလာတာပဲ ဖြစ်ရမယ် ။ တန်တန်က သေချာပေါက်ကို ကျွန်မရဲ့သားပဲ”

ထို့ နောက် သူမ ကွန်ပလိန်းတက်လာပြန်သည် ။
“တန်တန်ကတောင်မှ ကျွန်မကို ပန်းပေးရကောင်းမှန်း သိတယ် ။ ရည်းစားတစ်ယောက်ဖြစ်တဲ့ ရှင့်မှာ ဘာမှပြောစရာ မရှိတော့ဘူးလား”

စီရီဟန် ဆွံ့ အသွားလေပြီ ။ လူတိုင်းအား မူးမေ့သွားနိုင်အောင် ပစ်ကျသွားစေနိုင်သည့် ထိုရွှန်းရွှန်းစားစားကြည့်နေသည့် မိန်းကလေးအား ပြန်ကြည့်လိုက်ရင်း သူ ပြန်ဖြေလာသည် ။

“မင်း ကိုယ့်ကို အခွင့်အရေးကော ပေးဖူးလို့ လား”

ထိုသည်ကို ကြားလိုက်သည့်အချိန် ရီဝမ်ဝမ် တွေးကြည့်လိုက်မိ၏ ။ တွေးမိသည်တွင် သူမကိုယ်သူမ အံ့သြမိသွားရပြန်သည်…

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now