ကောင်တာမှာ..ငွေရှင်းပြီး...ပစ္စည်းယူမယ်လုပ်တော့...

"အကို...ဒီမှာ ရပါပြီ..." ဆိုပြီး အိတ်လေးကို..ပေးတယ်..။ ကျွန်တော်လည်း...အိတ်ထဲက ပစ္စည်းကို ထုတ်ကြည့်တော့...

"ဟင်...ဒါ ကျွန်တော့်ဟာ မဟုတ်ဘူး..."

"ဟုတ်ပါတယ်...ဒါ အကို့ဟာပါ.."

"ဟာ...ဒါငါ့ဆိုဒ်မဟုတ်ဘူး..."

"ဗျာ...sorryပါဗျာ...
ပစ္စည်းချင်းမှားထည့်ပေးလိုက်တာဖြစ်မယ်...
ကျွန်တော် သွားပြန်လဲပေးပါ့မယ်...ခနလေးနော်..."

ကျွန်တော်လည်း...အရှေ့မှာ ရပ်စောင့်နေလိုက်တယ်.. ။ ကိုဘုန်းကတော့...အခုထိ ဝယ်လို့မပြီးသေးဘူးလားမသိဘူး...တစ်ခုပြီးတစ်ခုယူနေတယ်...။ ခနကြာတော့...ခုနကညီလေးပြန်ရောက်လာတယ်...

"တောင်းပန်ပါတယ်...အကိုရယ်..
ဟိုမှာဝယ်နေတဲ့ အကိုရဲ့ပစ္စည်းချင်းမှားသွားတာ..."ဆိုပြီး..ကိုဘုန်းကို လက်ညှိုးထိုးပြတယ်..

"ဟမ်....သြော်...အင်းအင်း...ရပါတယ်..."

ခနကြာတော့...ကိုဘုန်းလည်း...ပြန်ထွက်လာတယ်...။လက်ထဲကအထုတ်တွေကို..ကျွန်တော့်ထပ်ပေးပြန်တယ်..။ တော်ပါတော့...ဒီ့ထက်ထပ်ပေးရင်...ကျွန်တော်မနိုင်တော့ဘူး...။
တွေးလို့တောင်မဆုံးသေးဘူး...နောက်ထပ်တစ်ဆိုင်ဝင်ပြန်တယ်...။

ကျွန်တော့်ကိုထပ်ကိုင်ခိုင်းရင်တော့လား...ကျွန်တော့်အကြောင်းသိသွားမယ် ဆိုပြီး...အထဲမဝင်ဘဲ အပြင်မှာပဲ...ရပ်စောင့်နေလိုက်တယ်...။
ခနနေတော့ ပြန်ထွက်လာတယ်...လက်မှာအိတ်၃အိတ်ကိုင်လာတယ်...။

"ရော့..."

"ကျွန်တော်မကိုင်နိုင်တော့ဘူး...ကိုယ့်ဘာသာကိုင်..."

"မရဘူး...ကိုင်ပေး.." ဆိုပြီး အတင်းလက်ထဲလာထည့်တယ်...။

အိတ်တွေက လက်ထဲမှာအပြင်...လက်ကောက်ဝတ်ထိပါရောက်လာတယ်..။သူကျတော့..အရှေ့ကနေ smartကျကျထွက်သွားတယ်...။ အား!!......ကျွန်တော်သည်းမခံနိုင်တော့ဘူး...တွေ့မယ်...ကျွန်တော်လည်း လက်ထဲက အိတ်တွေကို အောက်ကိုချထားလိုက်ကာ..ကြမ်းပြင်ပေါ်ခြေပြစ်လက်ပြစ် ထိုင်ချလိုက်တယ်..။ ပုဆိုးနဲ့ထိုင်ချလိုက်ရတာကြောင့်..နည်းနည်းတော့ဂွကျပါတယ်.. ။

MY ONLY ONE (completed)Where stories live. Discover now