မိနစ်ပိုင်းလောက်ကြာတော့...

"ထွန်းတောက်...သားကြီး...မတွေ့ရတာကြာပြီ...ရောက်ရောက်ချင်း...ဖုန်းတောင်မဆက်ဘူး...တော်တော်နေနိုင်တဲ့ကောင်.."

"မဟုတ်ပါဘူးကွာ...ငါလည်း ပင်ပန်းနေတာနဲ့...ဒီမနက်ပဲ တွေ့ရမှာပဲဆိုပြီး...မဆက်လိုက်တာ..."

"အေးပါကွာ..
သြော်...ဒါနဲ့...အဖိုးရော..ဘယ်မှာလဲ..."

"မနက်စာစားပြီး...ဆေးသောက်နေတယ်ထင်တယ်..."

"အင်း...အဖိုးနဲ့စကားနည်းနည်းပြောပြီး...
companyသွားမယ်နော်..."

"အေး.."

"မောင်မင်းမြတ် ရောက်လာပြီးလား..."

"ဟုတ်...အဖိုး.."

"သြော်..ပြည့်လျှုံ...အခုတလော...companyကိုမလာဘူးနော်..."

"ဟုတ်တယ်...ကိုမင်းမြတ်...
အဖိုး..ဟိုတစ်နေ့က..နေမကောင်းဖြစ်ပြီးထဲက...ကျွန်တော်လည်းcompanyကိုမလာဖြစ်တာ့တာ..."

"ဟင်...ဖိုးဖိုးဘယ်တုန်းက..နေမကောင်းဖြစ်တာလဲ?ကျွန်တော့်ကိုလည်း...ဘာမှမပြောဘူး"

"မင်းကရော..ငါ့ကို မေးလို့လား...မင်းငါ့ကျန်းမာရေးကိုရော...အရေးထားလို့လား..."

"ဟာ...ဖိုးဖိုးကလည်း...
ဖိုးဖိုးက သန်သန်မာမာဆိုတော့...ကျွန်တော်လည်းနေကောင်းတယ်ထင်လို့...မမေးမိတာပါ..
ဖိုးဖိုးကိုပြစ်ထားမိသလို...ဖြစ်သွားလို့...
ကျွန်တော်တောင်းပန်ပါတယ် ဖိုးဖိုး..
နောက်တစ်ခါမဖြစ်စေရပါဘူး ဖိုးဖိုး.."

"အပိုတွေပြောမနေနဲ့...ထွန်းတောက်...
မင်းအပြောနဲ့အလုပ် ညီမလား..စောင့်ကြည့်မယ်...
မောင်မင်းမြတ်...လာ...ဖိုးဖိုးနဲ့ခနစကားသွားပြောရအောင်..."

"ဟုတ်ကဲ့...အဖိုး..."

အဖိုးနဲ့ကိုမင်းမြတ်...ဧည့်ခန်းထဲကနေ...ထွက်သွားပြီး...အဖိုးအခန်းထဲ..ဝင်သွားတယ်...
ဧည့်ခန်းထဲမှာ..ကျွန်တော်နဲ့ကိုဘုန်းပဲ...ရှိတယ်..

*ကျွန်တော်...ကိုဘုန်းကို...ကြောက်တယ်...
လူကိုကြောက်တာထက်...သူ့အပြောကို..ပိုကြောက်တယ်...*

ကျွန်တော်လည်း..သူ့ကိုစကားမပြောဘဲ..ဒီတိုင်းပဲထိုင်နေလိုက်တယ်...သူကတော့..စားပွဲပေါ်ကိုယူဖတ်နေတယ်...ခနကြာတော့..

MY ONLY ONE (completed)Where stories live. Discover now