အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း

Start from the beginning
                                    

ရီဟွား ဒေါသတို့အမြင့်ဆုံး ရောက်သွားတော့သည်။

"ဘာအဖြေလဲ...ဘယ်က အဖြေလိုချင်သေးတာလဲ...ဘာအဖြေမှ မပေးနိုင်ဘူး"

ရီဟွား စကားကြောင့် ရှင်းသည်လည်း အံ့သြမှင်သက်သွားရသည်။ သူ့အား ခုကဲ့သို့ ခါးခါးသီးသီး ငြင်းဆန်မည်ဟု မထင်မိခဲ့ပေ။

"ဘာလို့လဲ ရှောင်ဟွား"

"ဘာလို့လဲ ဟုတ်လား...မသိချင်ယောင်ဆောင်နေတာလား...ဟန်ဆောင်ကောင်းလိုက်တာ...စကတည်းက မိန်းမယူမယ်ဆို ဘာလို့ ကျွန်တော့်ကို လာကောင်းပြခဲ့တာလဲ...ကောင်းပြရုံတင် မကဘူး...လက်ထပ်ခွင့်ပါ တောင်းလိုက်သေးတယ်...အဲဒီတုန်းက ဖြစ်သွားတဲ့ ကျွန်တော့်ပုံစံကို ကြည့်ပြီး နောက်ကွယ်ကနေ လှောင်ရယ်နေခဲ့တာပေါ့လေ...တကယ်လို့ထင်ခဲ့မိတာ ကျွန်တော်မှားတာ"

ရှောင်ဟွား ပြောနေသည်များကို ရှင်း အနေဖြင့် လုံးဝနားမလည်နိုင်တော့။

မိန်းမ? ရှောင်ဟွားပြောတာ ဘယ်ကမိန်းမလဲ? သူတို့ကြား တစ်ခုခုတော့ လွဲနေပြီ။

ရှောင်ဟွား သူ့အား အထင်လွဲနေပုံရသည်။

သူ ရှောင်ဟွားအား မေးရန်ပြင်လိုက်စဉ် ရှောင်ဟွား၏ ဆက်တိုက် ဆက်ပြောလာသော စကားတို့ကြောင့် မေးချိန်မရတော့။

"ခင်ဗျားကတော့ လှည့်စားပြီး လုပ်ခဲ့တာ...ကျွန်တော်ကတော့ ခင်ဗျား လုပ်ခဲ့တာတွေပဲ မြင်နေပြီး ဘာမှလုပ်မရတော့ဘူး...ခင်ဗျားအကြောင်းတွေပဲ တွေးမိနေအောင် ကျွန်တော့်ကို လုပ်သွားပြီး ခုတော့ခင်ဗျားက တခြားသူကို လက်ထပ်မလို့ပေါ့လေ...မရဘူး ကျွန်တော်ခွင့်မပြုနိုင်ဘူး...ကျွန်တော့်မှာ ရှိတဲ့ အင်အားနဲ့ လက်ထပ်ပွဲ လုံးဝ မဖြစ်အောင်တားမယ်...ဒီလက်ထပ်ပွဲ လုံးဝဖြစ်မလာစေရဘူး...ခင်ဗျား မိန်းမ မရစေရဘူး"

သူ့အား အော်ဟစ်ကာ ပြောဆိုနေသော ကောင်လေးပုံစံကြောင့် ရှင်း ရယ်ချင်သွားရသည်။ ဒေါသများနှင့် ရန်တွေ့နေသော်လည်း လုံးဝကြောက်စရာ မကောင်းသည့်အပြင် ချစ်စရာကောင်းနေသည်။

သူ တခြားသူနှင့် လက်ထပ်မည်ဟု ဘယ်လိုကြောင့် ထင်နေလဲတော့ သူ မသိ။ သူ့အနေဖြင့် တရားဝင် ခမ်းနားစွာ လက်ထပ်မည့်လူသည် ခုလို ရန်တွေ့နေသောသူကိုယ်တိုင်ပင် ဖြစ်လာမည်ကို ခုထိ တွေးမိပုံမရသေး။ ထက်မြက်သော ထိုကောင်လေးသည် တခါတလေ တကယ်ပင် တုံးအလွန်းသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now