'မလိုဘူး။မင်းရဲ့ နဂို မူလအတိုင်းပဲ နေ။ ဒီနေ့ ဒီအချိန်ကစပြီး အိုးအိမ်ဌာန ကို ငါစီမံမယ်'
'အဆင်ပြေပါ့မလား။မင်းသား က အလုပ်များတဲ့သူဆိုတော့'
'အဲ့တော့ အားနေတဲ့ မင်းတို့ကကော ဘာလုပ်နိုင်လို့လဲ'
ဝမ်အွန်း သူအုပ်ချုပ်စဉ်ကာလက အကျင့်လေးတွေပေါ်လာသည်။
ဝမ်အွန်း အုပ်ချုပ်စဉ်က သူမကြိုက်တာကို တည့်တိုးပြောပြီး အသုံးမကျရင် ချက်ချင်းဖြုတ်ချသည်။ထို့ကြောင့်လည်း အမတ်တော်တော်များများက သူ့ကိုဆို အ မြင်မကြည်ကြ။ဝမ်အွန်း လူ အနည်းငယ်ရှိသော်လည်း အခုချိန်တွင် ဝမ်ယောလ် ကြောင့် ဘယ်နေရာတွေမှာ တာဝန်ကျနေမှန်း သူမသိပေ။ရှိတဲ့သူ နဲနဲကလည်း သိပ်အသုံးမဝင်သည့် နေရာတွင်သာ တာဝန်ကျနေသည်။
ဝမ်အွန်း အမတ်တွေရပ်နေသည့် နေရာထိပ်ဆုံးတွင် ရပ်နေသည့် ဒိုဂျောင်ဆူး ကို ကြည့်လိုက်ပြီး
'မင်းသား ဝမ်ယို ကော'
'မင်းသား တပ်စခန်းကို သွားနေပါတယ်'
'စစ်မြေပြင်ကို ပို့ဖို့အတွက် လိုအပ်တဲ့ ရိက္ခာနဲ့ စစ်သည်တွေပြင်ဆင်ထားပါ'
'အမိန့်အတိုင်းဆောင်ရွက်လိုက်ပါ့မယ် မင်းသား'
'ညီလာခံသိမ်းမယ်'
ဝမ်အွန်း ထွက်သွားတော့မှ အမတ်တစ်ချို့ရဲ့ တီးတိုးသံတွေထွက်လာသည်။
'သူ့ကိုယ်သူ ရှီလာရဲ့ မင်းကြီးပဲ ထင်နေလားမသိဘူး'
'နန်းကျရုံတင်မကဘဲ ယောက်ျားလေးကြင်ယာတော်အဖြစ် နေ နေရတာကိုတောင် အရှက်မရှိ အမိန့်ပေးနေသေးတယ်'
'ထားလိုက်ပါ။အရှင်မင်းကြီးပြန်လာမှ သူ့ရဲ့ လက်ကျန်အစွယ်တွေ အချိုးခံရလိမ့်မယ်'
'အိုးအိမ်အမတ်လည်း စိတ်မပူပါနဲ့။မင်းကြီးပြန်လာရင် ခင်များအကြောင်းအရင်ဆုံး လျှောက်တင်ပေးမှာပါ'
'ကြင်ယာတော် ဝမ်အွန်း ကို ငါဒီတစ်သက်မကျေဘူး'
'အတုံ့အလှည့်ဆိုတာရှိပါတယ်။အရမ်းကြီး စိတ်ထဲအထားပါနဲ့။ကြင်ယာတော်က အမြဲတမ်းမှန်နေမဲ့သူမှမဟုတ်တာ'
YOU ARE READING
The Throne
Historical Fictionအရင် Matainyu acc မှာ တင်ထားတဲ့ အပုဒ်ပါ။accထဲဝင်မရတော့လို့ အရင်အပိုင်းတွေအပြင် အပိုင်းအသစ်တွေပါ ဆက်up ပေးပါ့မယ်